တရုတ်နိုင်ငံ လင်းလက်လာသော အနုပညာကြယ်ပွင့်လေး (သို့မဟုတ်) Dilraba Dilmurat

Dilraba Dilmurat ဟာတရုတ်နိုင်ငံ၏ အနုပညာလမ်းကြောင်းမှာ တောက်ပလာသော ကြယ်တပွင့်ပဲ ဖြစ်ပါတယ်။ ပရိတ်သတ်များသူမကို သိစေခဲ့တာကတော့ She was pretty, Ten miles of peach blossoms, Eternal love of dream, The King’s woman စသည့် ဇာတ်လမ်းတွဲများကြောင့်ပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ အနုပညာစျေးကွက်တွင်သာမက အာရှနိုင်ငံများတွင်ပါ အောင်မြင်ကျော်ကြားနေသော မင်းသမီးတစ်ဦး ဖြစ်နေခဲ့ပါပီ။ Dilrabaကို တရုတ်နိုင်ငံ Urumqi မြို့တွင်ဖွားမြင်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ လူမျိုးစုဖြစ်သော Uyghur အနွယ်ဝင်ဖြစ်ပီး အများအားဖြင့် အစ္စလမ်ဘာသာဝင်များ ဖြစ်ကြပါတယ်။

Dilraba ဟာသူမ၏မိသားစုအရေးနှင့်ပက်သက်၍ သိုဝှက်လှပီး သူမ၏ကိုယ်ပိုင်ဘဝကို တန်ဖိုးထားသူ တစ်ဦးပင် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါခဲ့ပီး သရုပ်ဆောင်သည့်အလုပ်နှင့်ပက်သက်လျှင် စိတ်ကိုနှစ်ကာ ကြိုးစားခဲ့သူပဲ ဖြစ်ပါတယ်။

ပရိတ်သတ်များ Dilraba ကိုစတင်သတိထားမိတာကတော့ Sword of legends ဆိုသည့် ဇာတ်လမ်းတွဲကြောင့်ပင် ဖြစ်ပါတယ်။ ၂၀၁ရခုနှစ်တွင်တော့ She was pretty ဆိုသည့် dramaတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဆုံး ပါဝင်ခဲ့ပါတယ်။

ထိုနှစ်ထဲမှာပင် Ten miles of peach blossoms ဆိုသည့်ဇာတ်လမ်းတွဲတွင် ပိုင်ဖုန်းကျို ဆိုသည့် မြေခွေးမလေးနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ပီး ပရိတ်သတ်ထံမှ ချစ်ခင်အားပေးမှုကို ရရှိခဲ့ပါတယ်။ ၂၀၂၀ တွင်တော့ Eternal love of dream ဆိုသည့် ဇညတ်လမ်းတွဲနှင့် အောင်မြင်မှုများ ထပ်မံရရှိခဲ့ပြန်ပါသည်။

သူမဟာ ယခု ၂၀၂ဝထဲတွင် ဇာတ်လမ်းတွဲနှစ်ခု ထွက်ရှိပါမည်။ Eternal love of dream နှင့် ယခုလတ်တလော ထုတ်လွှင့်နေသော Love designer ဆိုသည့် ဇာတ်ကားများ ဖြစ်ပါတယ်။ ၂၀၂၁တွင်တော့ ရှေးခေတ်ဇာတ်လမ်းတွဲဖစ်သော Princess Changge ဆိုသည့်ကားတွင် ပါဝင်သရုပ်ဆောင်မည်ဟု သိရပါတယ်။

Dating သတင်းနှင့်ပက်၍တော့ ၂၀၁၈ခုနှစ်တွင် မင်းသား William Chan နှင့်တွဲနေသည်ဟု သတင်းများထွက်ခဲ့ပါတယ်။ထိုသတင်းနှင့် ပက်သက်၍ Dilraba က မငြင်းဆိုခဲ့သလို၊ ဝန်ခံခြင်းလည်း မပြုလုပ်ခဲ့ပေ။ ပရိတ်သတ်အများစုကတော့ Dilrabaဟာ ယခုချိန်အထိ single လို့ ထင်ကြပါတယ်။

Dilraba ကတော့အချစ်ရေးထက်သူမရဲ့ အနုပညာကို ပိုပီးအာရုံစိုက်နေတဲ့ပုံရပါတယ်။ ပရိတ်သတ်ကြီးလည်း Dilraba အကြောင်းသိသည့်သလောက် သိလိုက်ရလို့ ကျေနပ်လိမ့်မယ်လို့ ထင်မိပါတယ်။ နောက်ထပ် နောက်ထပ်တွင်လည်း တရုတ်နိုင်ငံ၏ အနုပညာကြယ်ပွင့်များအကြောင်းကို ဆက်လက်တင်ဆက်ပေးပါဦးမည်။

Source: Filmdaily

Share