၂၀၂၀ အတွင်း စောင့်ကြည့်ရမယ့် ကိုရီးယားဇာတ်လမ်းတွဲ (၇) တွဲ

၂၀၁၆ ဟာ ကေဒရမ်မာကောင်းတွေရဲ့နှစ်ဆိုရင် ၂၀၂၀ ဟာလဲ နာမည်ကြီး မင်းသားမင်းသမီးတွေရဲ့ တွဲဖက်မှုနဲ့ နာမည်ကြီးဒါရိုက်တာ ဇာတ်ညွှန်းရေးဆရာတွေရဲ့ ပူးပေါင်းမှုကို အများကြီးကြည့်ရှုခံစားရမယ့် နှစ်ပါပဲ။ ဒီနှစ်အတွင်းမှာ အောင်မြင်ဦးမယ့် စီးရီးတွေကတော့

၁။ Backstreet Rookie
ပရိတ်သတ်အသဲစွဲ Ji Chang Wook နဲ့ အားလုံးကချစ်ရတဲ့ မင်းသမီးလေး Kim Yoo Jung ပါဝင်မယ့် အချစ်ဟာသဇာတ်လမ်းတွဲဖြစ်ပါတယ်။ convenience store ပိုင်ရှင်နဲ့ အချိန်ပိုင်းအလုပ်သမားလေးကြားက အဖြစ်အပျက်တွေကို ဟာသဆန်ဆန်ရိုက်ကူးထားမှာပါ။ The King ဇာတ်လမ်းတွဲအပြီးမှာ ပြသမှာပါ။

၂။ Search
မင်းသား Jang Dong Yoon နဲ့ မင်းသမီး Krystal Jung တို့ပါဝင်မယ့် စစ်တပ်နောက်ခံ ဇာတ်လမ်းတွဲပါ။ Thriller အမျိုးအစားဖြစ်ပြီး plot ကောင်းကောင်းနဲ့ ပရိတ်သတ်ကိုဆွဲခေါ်သွားမယ့် ဇာတ်လမ်းကောင်းလို့ ယူဆရပါတယ်။ မင်းသားနဲ့မင်းသမီးကလဲ ဒိတ်ဒိတ်ကျဲတွေမို့ ဘယ်လိုသရုပ်ဆောင်ကြမလဲဆိုတာ ရင်ခုန်စရာပါ။

၃။ Psycho But It’s Okay
ပရိတ်သတ်တွေ အကြာကြီးစောင့်ခဲ့ရတဲ့ Kim Soo Hyun ရဲ့ ဇာတ်လမ်းတွဲပါ။ ဒီဇာတ်လမ်းတွဲအတွင် မင်းသားက အနုပညာကြေးအနေနဲ့ တစ်ပိုင်းကို $16700 ရပြီး စံချိန်တင်ထားတာမို့ တကယ်ကို စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲပါပဲ။ မင်းသမီးကလဲ Seo Ye Ji ဖြစ်တာမို့ ငြီးငွေ့ရမှာတော့ မဟုတ်ပါဘူး။

၄။ Flower of Evil
Lee Jun Ki နဲ့ Moon Chae Won တို့နှစ်ယောက် အတူပါဝင်တဲ့ ဒုတိယမြောက် ဇာတ်လမ်းတွဲပါ။ သူတို့ရဲ့အရင်စီးရီး Criminal Minds ထက်မလျော့တဲ့အောင်မြင်မှုတွေနဲ့ ပြန်လာဖို့ ရှိပါတယ်။ Lee Jun Ki တစ်ယောက် psychopath အနေနဲ့သရုပ်ဆောင်တာကိုလဲ အားပေးတွေ့မြင်ရဦးမှာပါ။

၅။ The Story of Gumiho
မင်းသား Lee Dong Wook ကလဲ ဒီနှစ်အတွင်းမှာ ဒီဇာတ်လမ်းတွဲနဲ့အောင်မြင်မှုတွေ ရယူဦးမှာပါ။ မင်းသမီးအနေနဲ့လဲ Jo Bo Ah ပါဝင်တဲ့အပြင်မတွေ့ရတာကြာတဲ့ မင်းသား Kim Bum ပါဝင်မယ့် ကိုရီးယားရဲ့ နာမည်ကျော်ဒဏ္ဌာရီ မြေခွေးလူသားအကြောင်း အချစ်ဇာတ်လမ်းတွဲပါ။

၆။ Start Up
မင်းသား Nam Joo Hyuk နဲ့ မင်းသမီး Suzy တို့ ပထမဆုံးအနေနဲ့ တွဲဖက်သရုပ်ဆောင်တာကိုမြင်ရတော့မှာပါ။ သူတို့နှစ်ယောက်ရဲ့ ချောမောမှုနဲ့တင် ဒီစီးရီးကိုစောင့်ကြည့်ဖို့တန်နေပြီဖြစ်ပြီး Crash Landing on You က မြောက်ပိုင်းတပ်သားလေး Kim Seon Ho ပါ ပါဝင်ဦးမှာပါ။

၇။ Sweet Home
Love Alarm မင်းသားလေး Song Kang နဲ့ Hotel Del Luna ထဲကပိုးစုန်းကြူးလေး Lee Do Hyun တို့ပါဝင်ထားပါတယ်။ Thriller အမျိုးအစားဖြစ်ပြီး နာမည်ကြီး webtoon ကို ဘက်ဂျက်တွေအများကြီးသုံးပြီးရိုက်ထားတဲ့ စီးရီးကောင်းတစ်ပုဒ်ပါ။ ဇာတ်လမ်းလဲအရမ်းကောင်းပါတယ်။ ကေဒရမ်မာချစ်သူတွေကရော ဘယ်ဇာတ်လမ်းတွဲတွေကို ကြည့်ရဖို့ရင်ခုန်နေပြီလဲဆိုတာ ပြောပြပေးသွားကြပါဦးနော်။

Source: Jissu Sarang

Share