အနားယူပြီးနောက် Drama အသစ်နဲ့ ပြန်လာတော့မယ့် Park Bo Young

ဇာတ်ကားရိုက်ကူးမှုတွေ ခဏနားထားတာကြောင့် ပရိတ်သတ်တွေ လွမ်းနေခဲ့ရတဲ့ Park Bo Young ကတော့ ဒရမ်မာအသစ်နဲ့ပြန်လာတော့မှာပါ။ မေလ ၂၈ ရက်နေ့မှာ Sports World ကနေ Park Bo Young တစ်ယောင် ပြန်လာတော့မယ်ဆိုတဲ့ သတင်းကိုကြားခဲ့ရတာပါ။

ဒရမ်မာရဲ့နာမည်ကတော့ One Day Destruction Came to Our Door လို့ပေးထားပြီး Park Bo Young ကတော့ Tak Dong Kyung ဆိုတဲ့ မိန်းကလေးနေရာကနေ သရုပ်ဆောင်မှာပါ။ ၂၀၁၈ ဩဂုတ်လကတည်းက Abyss ဇာတ်လမ်းတွဲအပြီး ရိုက်ကူးရေးတွေနားထားတဲ့ Park Bo Young ရဲ့ အနားယူအပြီးပထမဆုံး ဇာတ်လမ်းတွဲပါ။

Park Bo Young ရဲ့ကာရိုက်တာဟာ မရေမရာဘဝတစ်ခုမှာနေထိုင်နေတဲ့ web novel editor တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ကောင်းကင်ကြီးကို တိုင်တည်ပြီး အော်ဟစ်လိုက်တဲ့အခါမှာ ဘာတွေဖြစ်လာမလဲဆိုတာတော့ ရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ရှုရမှာပါ။ ဘယ်အချိန်မှာထုတ်လွှင့်မလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။

ဇာတ်ညွှန်းရေးဆရာကလဲ JTBC ရဲ့ Beauty Insife ရုပ်ရှင်ကို ပဲ့ကိုင်ခဲ့သူမို့ Park Bo Young ကတော့ ဒီဇာတ်လမ်းတွဲမှာလဲ အပိုင်နိုင်ဆုံးသရုပ်ဆောင်ပြီး အောင်မြင်မှုတွေဆွတ်ခူးဦးမှာပါ။ မင်းသမီးလေးတစ်ယောက် ပရိတ်သတ်ရှေ့ပြန်ရောက်လာတော့မှာမို့ အားလုံးလဲပျော်နေကြမယ်လို့ထင်ပါတယ်။

Source: Koreaboo

Share