ပရိတ်သတ်စိတ်ဝင်စားမှု မြင့်မားနေတဲ့ ကိုရီးယားရဲ့ BL series အကြောင်း သိကောင်းစရာများ

BL series တွေနဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေကို နှစ်သက်အားပေးတဲ့ ပရိတ်သတ်တွေအတွက် သတင်းကောင်းရှိပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွဲတွေနဲ့ ပတ်သတ်ရင် အကောင်းဆုံးလို့ သတ်မှတ်လို့ရမယ့် တောင်ကိုရီးယားရဲ့ boy love ဇာတ်လမ်းတွဲတစ်ပုဒ် မကြာခင်မှာ ထွက်ရှိလာတော့မှာပါ။

Series ရဲ့နာမည်ကတော့ “Before your eyes stop” ဖြစ်ပြီး မေလ ၂၂ ရက်နေ့မှာ စတင်ထုတ်လွှင့်မှာပါ။ အဓိက သရုပ်ဆောင်တွေအနေနဲ့တော့ ကိုရီးယားရဲ့ ကြည့်ရှုနှုန်းမြင့် ရုပ်သံအစီအစဉ် Produce X 101 ရဲ့ ပြိုင်ပွဲဝင်ဟောင်း Han Gi Chan နဲ့ နောက်ဇာတ်ဆောင်တစ်ယောက်ကတော့ Memorist, He is psychometric, Bad Papa စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ဇာတ်ရံအဖြစ်ပါဝင်ခဲ့ဖူးတဲ့ သရုပ်ဆောင် Jang Eui Soo တို့ပါဝင်သွားမယ်လို့ သိရပါတယ်။

၂၁ နှစ်အရွယ် Han Gi Chan ဟာ Produce X 101 မှာကတည်းက သူ့ရဲ့ချောမောသန့်ပြန့်တဲ့ ရုပ်ရည်ကြောင့် လူသိများခဲ့သူတစ်ဦးဖြစ်ပြီး အသက် ၃၀ ရှိပြီဖြစ်တဲ့ Jang Eui Soo ဟာလဲ ခန့်ညားလေးနက်တဲ့အသွင်အပြင်ရှိတာမို့ ဒီ series နဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုက မြင့်တက်လျက်ရှိပါတယ်။

ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ဆယ့်ရှစ်နှစ်အရွယ်ကောင်လေးနှစ်ယောက်ကြားက အချစ်ဇာတ်လမ်းကို ဖော်ကြူးထားတာဖြစ်ပြီး ချမ်းသာတဲ့မိသားစုရဲ့ တစ်ဦးတည်းသောဆက်ခံသူ Taejoo (Jang Euisoo) ဟာ သူ့ရဲ့ကိုယ်ရံတော် Guku (Han Gichan) ကို မေတ္တာသက်ဝင်သွားပုံကို ရိုက်ကူးထားတာပါ။

Series တိုအဖြစ်ရိုက်ကူးထားလို့ ရှစ်ပိုင်းသာပါဝင်မယ့် ဒီဇာတ်လမ်းတွဲကို မေလ ၂၂ ရက်နေ့ နေ့လည်ဆယ့်နှစ်နာရီမှာ RakutenTV ကနေ နိုင်ငံပေါင်း ၂၀၀ ကျော်ကိုထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ ဇာတ်လမ်းရဲ့ official trailer လေးလဲ ထွက်ရှိလာပြီမို့ ပရိတ်သတ်တွေအနေနဲ့ ကြည့်ရှုပြီး ထင်မြင်ချက်ကလေးတွေ ရေးသွားပေးပါဦးနော်။

Source : allaboutboylove

Share