အသက် ၄၀ ပြည့်ခါနီးနေတဲ့ Song Hye Kyo ဟာ သူမဘာကြောင့် ရည်ရှည် အောင်မြင်နေရတာ လဲဆိုတာ ဖွင့်ဟပြောဆို

မင်းသမီး​ ဆောင်းဟေဂျို သို့မဟုတ် အွန်စောဟု မြန်မာပရိတ်သတ် ကြားတွင် လူသိများသော တောင်ကိုရီးယားမှ မင်းသမီးလေးသည် အနုပညာလောက တွင်အချိန်ကြာမြင့်စွာ အောင်မြင်မှုကိုထိန်းထားနိုင် ပါတယ်။ သူမ၏ ထိုကဲ့သို့ အောင်မြင်မှု​၏ လျှိုဝှက်ချက်ကို ဧပြီ၂၈ ရက်နေ့ Elle fashion magazine ​၏ interview တွင်ဖြေကြားခဲ့ပါတယ်။

သူမမှာ ဓာတ်ပုံရိုက်ကွင်းတွင် သူမ​၏နုပျိုနမှုကို အပြည့်အဝ ချပြနိုင်ခဲ့ပါတယ်။ သူမ​၏ အသက်မှာယခုဆိုရင် 40 ပြည့်ခါနီးပီ ဖြစ်သော်လည်း သူမ​၏ လက်ရှိရုပ်ရည်မှာ ဆက်ကျော်သက်လေးသဖွယ် နုပျိုနေသေးသည်။ ​မင်းသမီးဟာသူမ ဘာလို့အောင်မြင်နေရလဲ ဆိုတဲ့အမေးကို သူမကတော့ “ သူမဟာ အရမ်းကံကောင်း ခဲ့တာပါ။

သူမဟာ ရုပ်ရှင်လောကကို စဝင်တည်းက ကောင်းမွန်တဲ့ ထုတ်လုပ်ရေးနှင့် လက်တွဲနိုင်ခဲ့တယ်။ သူမကို ဇာတ်လမ်းတွဲကောင်းများတွင် သရုပ်ဆောင်ခွင့် ပေးခဲ့တဲ့ ဒါရိုက်တာ ၊ ထုတ်လုပ်ရေး တို့ကြောင့်ပဲဖြစ်ပါတယ်” ဥပမာအနေနဲ့ဆို တခေတ်တခါက ရေပန်းစားခဲ့သော ဆောင်းဦးရွက်ကြွေချစ်သက်သေ ဟုလူသိများ သောရုပ်ရှင်ကားကြောင့် သူမဘဝ တစ်ရှိန်ထိုး အောင်မြင်ခဲ့ရပါတယ်။

နောက်ပိုင်း 2016 တွင်ထွက်ရှိခဲ့သော Descendants of the Sun ဇာတ်ကားတွင်လည်း မင်းသား ဆောင်ဂျွန်ကီနှင့် တွဲဖက်ကာ အောင်မြင်မှုများကို တစ်သည်တစ်တန်းကြီး သိမ်းပိုက်နိုင်ခဲ့တယ်။ သူမနှင့် မင်းသားဆောင်ဂျွန်ကီတို့သည် ဇာတ်လမ်းတွဲအပြီးတွင် ချစ်သူများဖြစ်ပီး နောက်ဆုံးတွင် လက်ထပ်ခဲ့ကြပီး ကံမကောင်းအကြောင်း မလှစွာဖြင့် 2019ခုနှစ်တွင် ကွာရှင်းပြတ်ဆဲခဲ့ကြပါတယ်။

မင်းသမီးမှာ ကွားရှင်းပီးနောက်ပိုင်းတွင်လည်း အနုပညာ အလုပ်များကို ဆက်လက်၍ လုပ်ဆောင်နေပါတယ်။ လူတစ်ယောက်တွင် အိမ်ထောင်ရေး၊ ငွေကြေးဥစ္စာ၊ လူမှုရေး စသည့် အဖက်ဖက်တွင် တွင် အောင်မြင်မှု ရရန်ခက်ခဲလှပါသည်။ လူထဲကလူပင် ဖြစ်သော ဆောင်းဟေဂျို တွင်လည်း အဖက်ဖက်တွင်ပြည့်စုံနေစေကာမှု အချစ်ရေးတစ်ခုတော့ ကံခေခဲ့ဟန်တူပါတယ်။

သို့သော်လည်း မင်သမီးမှာ ယခုအခါတွင် ပျော်ပျော်ရွှင်ရွှင် ဖြင့်သူမ​၏ဘဝကို ဖြတ်သန်းနေတာကို မြင်ရသဖြင့် ပရိတ်သတ်များလည်း စိတ်ချနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ မြန်မာနိုင်ငံက ဆောင်းဟေကို ပရိတ်သတ်ကြီးလည်း သူမရဲ့ အခုအရွယ်ထိ နုပျိုသစ်လွင်နေမှုလေးကို သဘောကျမယ်လို့ထင်မိပါတယ်။


Source…SBS star

Share