ရွှေအိုရောင်အသားအရည်နဲ့ တမူထူးခြားတဲ့ အလှကိုပိုင်ဆိုင်ထားကြတဲ့ K-Idol ဆယ်ယောက်

Kpop idol လို့ပြောလိုက်တာနဲ့ လူတွေရဲ့အမြင်မှာ ဖြူဆွတ်တဲ့အသားအရည်နဲ့ အရုပ်ကလေးတွေလို ပြစ်မျိုးမှဲ့မထင် အလှတရားကိုပြေးမြင်မိကြမှာပါ။ အာရှနိုင်ငံတွေမှာတော့ အသားဖြူလေလှလေလို့ ခံယူထားကြပေမယ့် ဒီ idol တွေကိုကြည့်လိုက်တဲ့အခါမှာတော့ အသားအနည်းငယ်ညိုတာဟာ ပိုပြီးတော့ ဆွဲဆောင်မှုရှိတယ်ဆိုတာ သဘောပေါက်သွားကြပါတယ်။ ညိုညိုစိုစိုအသားအရည်နဲ့ sexy ဖြစ်လွန်းတဲ့ k idol တွေက ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

EXO’s Kai
ပြေပြစ်ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ Kai ကတော့ အညိုစင်လေးတွေဟာ ပိုမိုက်တယ်ဆိုတာကို သက်သေပြခဲ့တဲ့ idol ပါ။ အဖွဲ့ရဲ့အဓိက အကသမားလဲဖြစ်ပြီး ဖက်ရှင်ကျလွန်းတာမို့ အဆင့်အတန်းမြင့်တဲ့ပုံရိပ်နဲ့ အမြဲထင်ပေါ်နေသူတစ်ဦးဖြစ်လို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါပဲ။

Twice’s Jihyo
နို့နှစ်ရောင်လိုဖြူဖွေးနေတဲ့ အဖွဲ့ဝင်တွေကြားမှာ ထူးခြားတဲ့ရွှေအိုရောင်အသားအရည်နဲ့ ထင်ရှားနေတတ်သူကတော့ Jihyo လေးပဲဖြစ် ပါတယ်။ ချစ်စရာကောင်းတဲ့ပုံစံနဲ့ ဆွဲဆောင်အားပြင်းတဲ့ပုံစံ နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားတာကတော့ ညိုစိမ့်စိမ့်အလှပဂေးလေး သူမရဲ့ အားသာချက်ပါပဲ။

BTS’s V
ညိုစိမ့်စိမ့်အသားအရည်နဲ့ V ကတော့ ကမ္ဘာ့အချောဆုံးမျက်နှာများစာရင်းရဲ့ ထိပ်ပိုင်းမှာ နှစ်တိုင်းနေရာယူနေတာမို့ သူ့ရဲ့ချောမောမှုက ပြောစရာမလိုပါဘူး။ မိတ်ကပ်မပါရင်တောင် စင်ပေါ်မှာလို ချောနေတုန်းမို့ သူ့ခန့်ညားမှုရဲ့ လျှို့ဝှက်ချက်ဟာ အသားအရည်များလားလို့တောင် တွေးမိပါတယ်။

Girls Generation’s Yuri
ကမ္ဘာကိုထိုးဖောက်ခဲ့တဲ့ kpop အဖွဲ့တွေထဲမှာ အပါအဝင်ဖြစ်တဲ့ Girls Generation အဖွဲ့ဝင်တွေကတော့ ဘယ်သူပိုလှတယ်ဆိုတာ ပြောဖို့ခက်ပါတယ်။ ညိုညက်ညက်နဲ့ကျန်းမာတဲ့ပုံရိပ်ကို ပိုင်ဆိုင်ထားတဲ့ Yuri ရဲ့တောက်ပတဲ့အလှတရားကတော့ အားလုံးထဲမှာ ထင်ရှားနေတာအမှန်ပါပဲ။

Winner’s Mino
တောင်ကိုရီးယားရဲ့ sexy အကျဆုံး idol လို့ပြောလိုက်တာနဲ့ ညိုညက်တဲ့အသားအရည်နဲ့ Mino ကိုပြေးမြင်ကြသူတွေ မနည်းမနောပါ။ ဂီတစွမ်းရည်မှာ ထိပ်တန်းဖြစ်ပြီး တက်တူးတွေနဲ့လဲ အလွန်လိုက်ဖက်တဲ့ Mino ဟာ ဖက်ရှင်ပိုင်းမှာလဲအမြဲဆန်းသစ်နေတာမို့ တကယ့်အမိုက်စား အညိုစင်လေးပါပဲ။

Mamamoo’s Hwasa
ကိုရီးယားရဲ့ အလှအပစံနှုန်းတွေကို ဖောက်ထွက်ပြီး ညိုညိုစိုစိုအသားအရည် ထင်ရှားတဲ့ကောက်ကြောင်းနဲ့ ပရိတ်သတ်ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မိန်းမလှလေးပါ။ နို့နှစ်ရောင်လို ဖြူဖွေးနေမှလှတယ်ထင်တဲ့ ပရိတ်သတ်တွေလဲ Hwasa ရဲ့ အားပြင်းတဲ့အလှမှာ အမြဲကျရှုံးကြရတာပါပဲ။

Shinee’s Minho
Idol လဲဖြစ် သရုပ်ဆောင်မင်းသားလဲဖြစ်တဲ့ Choi Minho ကတော့ အပြစ်ပြောစရာမရှိအောင်ချောပါတယ်။ အားကစားမှာလဲထူးချွန်ပြီး ဘက်စုံတော်တဲ့ သူ့ရဲ့အားသာချက်နောက်တစ်ခုကတော့ သူ့ရဲ့ချောမောမှုခန့်ညားမှုကို အရောင်တင်ပေးနေတဲ့ အသားညိုညိုလေးပဲဖြစ်ပါတယ်ရှင့်။

Ailee
အသံအားကောင်းကောင်းနဲ့ ဆိုသမျှသီချင်းတိုင်း အောင်မြင်တဲ့ Ailee ဟာလဲ ညိုညိုစိုစိုလေးပါပဲ။ ရွှေရောင်အသားအရည်အပြင် ကျန်းမာတောင့်တင်းတဲ့ အချိုးအဆစ်နဲ့မို့ သူမရဲ့ဆွဲဆောင်မှုဟာ အာရှထက် အနောက်တိုင်းဘက်ကိုနွယ်တဲ့ အလှမျိုးပါ။ အနောက်တိုင်းမှာလည်း သူမရဲ့ ဖန်တွေရှိနေပါတယ်။

AOA’s Seolhyun
တောင်ကိုရီးယားရဲ့ အလှအပ icon ဖြစ်တဲ့ Seolhyun ကတော့ အဖွဲ့ဝင်တွေကြားမှာ အသားအညိုဆုံးပါ။ အဖွမြင့်မားတဲ့အရပ် သွယ်လျတဲ့အချိုးအဆစ်နဲ့ ရိုးရှင်းတဲ့အလှကိုပိုင်ဆိုင်ထားတဲ့ AOA ရဲ့ visual သူမဟာ တောင်ကိုရီးယားအမျိုးသားတွေရဲ့ အိပ်မက်ထဲက ချစ်သူကောင်မလေးပုံစံပါတဲ့။

NCT’s Haechan
ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့ Haechan ရဲ့အသားရောင်လေးကလဲ သူ့ရဲ့ချိုမြိန်တဲ့အသံလေးလိုပဲ ဆွဲဆောင်မှုရှိလွန်းပါတယ်။ အမြဲလန်းဆန်းတက်ကြွနေတဲ့ ပုံရိပ်နဲ့ Haechan ကိုကြည့်ရင် အသားညိုတဲ့ကောင်လေးတွေက ချစ်စရာပိုကောင်းတယ်လို့တောင် ထင်မိကြပါတယ်တဲ့။

source : koreaboo, allkpop

Share