Lee Min Ho ​၏ The King ဇာတ်လမ်းတွဲ တတိယအပတ် ထုတ်လွှင့်မှုတွင် ကြည့်ရှုသူနှုန်း ပြန်တက်လာ

SBS မှ ထုတ်လွှင့်ပြသနေသော မင်းသား Lee Min Ho မှခေါင်းဆောင်မင်းသားအဖြစ် ပါဝင် သရုပ်ဆောင်ထားသော The King ဇာတ်လမ်းတွဲ ပြသနေတာ တတိယအပတ် သို့ရောက်ရှိလာခဲ့ပါပီ။ Nielsen Korea ​၏ပြောကြားချက်အရ မေလ၂ရက်နေ့တွင် ထုတ်လွှတ်ခဲ့သော အပိုင်းတွင် 10.3% ဖြင့် တောင်ကိုရီးယား တစ်နိုင်ငံလုံး အတိုင်းအတာ ရရှိခဲ့ပါတယ်။

အဆိုပါ record သည် The king ဇာတ်လမ်းတွဲ​၏ episode 2 ( အပိုင်း ၂) ထုတ်လွှင့်စဉ်တွင် ရရှိခဲ့သော အမြင့်ဆုံးကြည့်ရှုသူနှုန်းထက် တော့နည်းခဲ့ပါတယ်။ သို့သော် The King ဒုတိယအပတ် ထုတ်လွှင့်စဉ် ရရှိခဲ့သော ကြည့်ရှုသူနှုန်းထက်တော့ များခဲ့ပါတယ်။ ထိုအချိန်မှာပင် KBS ရုပ်သံလိုင်းမှ ထုတ်လွှင့်နေသော Once Again ဇာတ်လမ်းတွဲမှာတော့ ကြည့်ရှုသူများပြားနေပီး တောင်ကိုရီးယား တစ်နိုင်ငံလုံးအတိုင်းအတာ 21.4% နှင့် 26.1% ရရှိခဲ့ပါတယ်။

TVN ရုပ်သံလိုင်းမှ ထုတ်လွှင့်နေသော When My Love Blooms မှာလည်း ကြည်ရှုသူနှုန်းမှာ လွန်ခဲ့သော သီတင်းပတ်များထက်စာရင် မြင့်တက်လာခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ JTBC ရုပ်သံလိုင်းမှ ထုတ်လွှင့်နေသော The World of Married ဇာတ်လမ်းတွဲမှာတော့ ကြည့်ရူသူနှုန်း စံချိန်ကို ချိုးခဲ့တာလည်း ဖြစ်ပါတယ်။

Korean ရုပ်သံ သမိုင်းတွင်လည်း စံချိန်တင် ကြည့်ရှုသူနှုန်း အမြင့်ဆုံးကို ရရှိခဲ့ပါတယ်။ ထိုဇာတ်လမ်းသည် စတင်ထုတ်လွှင့်စဉ် ကတည်းက အားပေးသူ ပရိတ်သတ် များပြားခဲ့ပီး ယခု episode 11 နှင့် 12 ( အပိုင်း ၁၁ နှင့် ၁၂ ) တွင်တော့ကြည့်ရှုသူ စံချိန်တင် ခဲ့တာပဲဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံတွင် ဇာတ်လမ်းတွဲ တစ်ခုအောင်မြင်သည် မအောင်မြင်သည်ကို ကြည့်ရှူသူနှုန်းကို ကြည့်၍ ဆုံးဖြတ်ကြပါတယ်။

ထိုသို့ဆိုလျှင် ယခုလက်တလော အောင်မြင်ဆုံးဇာတ်ကားမှာ The world of Married ဇာတ်လမ်းတွဲဟု ဆိုနိုင်ပါသည်။ပရိတ်သတ်ကြီးလည်း ယခုထုတ်လွှင့်နေသော ဇာတ်လမ်းတွဲများထဲက ဘယ်ရုပ်ရှင် ဇာတ်လမ်းတွဲကို ကြည့်ရှုနေပါသလဲရှင်။ ယခုသတင်းနှင့် ပက်သက်၍ မိမိ၏ ထင်မြင်ယူဆချက်များကိုလည်း ဆွေးနွေးနိုင်ပါတယ်နော်။

Source: Soompi

Share