Moon Lover Season 2 တကယ်ပဲ ရိုက်ကူးနေပြီလား…

၂၀၁၆ ခုနှစ်က ကေဒရမ်မာချစ်သူတွေကြားမှာ ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး ဇာတ်ဝင်သီချင်းတွေလဲ အရမ်းနာမည်ကြီးခဲ့တဲ့ Moon Lover: Scarlet Heart Ryeo ဇာတ်လမ်းတွဲဟာ ဝမ်းနည်းစရာအဆုံးသတ်နဲ့ ပြီးဆုံးသွားခဲ့တာမို့ ပရိတ်သတ်တွေက အားမရပဲ နောက်ထပ် season တစ်ခုကိုမျှော်လင့်နေခဲ့ကြတာပါ။

Season 2 ထွက်မယ်လို့ ကောလဟာလတွေ အမျိုးမျိုးထွက်ခဲ့ပေမယ့် ဒီတစ်ခါတော့တကယ်ရိုက်ကူးနေပြီလို့ ပရိတ်သတ်တွေက ယုံကြည်နေကြပါတယ်။ ဘာလို့ဆို Moon Lover မင်းသားချော Lee Jun Ki ဟာ Moon Lover ဇာတ်ကားရိုက်ကူးခဲ့တဲ့ နန်းတွင်းထဲမှရိုက်ကူးရေးလုပ်နေတဲ့ပုံကို အင်စတာဂရမ်မှာတင်ခဲ့တာကြောင့်ပါ။

မင်းသားရဲ့ပုံစံဟာ နန်းတော်ထဲကိုအလည်သွားတဲ့ပုံစံမဟုတ်ပဲ ဇာတ်ကားရိုက်ကူးနေသလို သေချာဖြီးလိမ်းပြင်ဆင်ထားတာဖြစ်ပြီး ပုံရဲ့ caption မှာလဲ ကင်မရာ emoji လေးတွေနဲ့ တစ်ခုခုကိုရိုက်ကူးနေသလိုပုံစံနဲ့ တင်ထားတာမို့ ဒီတစ်ခါတော့ Moon lover season 2 တကယ်ထွက်လာမယ်လို့ ယုံကြည်နေကြပါတယ်။

Lee Junki, Kang Haneul, Nam Joohyuk, Kim Jisoo, Hong Jonghyun နဲ့ EXO အဖွဲ့ဝင် Byun Baekhyun ထိပ်တန်းမင်းသားချောတွေအများကြီးပါဝင်ပြီး ခေါင်းဆောင်မင်းသမီးအနေနဲ့လဲ နာမည်ကြီးအဆိုတော်သရုပ်ဆောင် IU ပါဝင်ထားတာမို့ အောင်မြင်မှုများစွာရရှိခဲ့တဲ့ ဒီစီးရီးဟာ season 2 ထွက်ရင်လဲ စံချိန်သစ်တွေထပ်ချိုးဦးမှာ အသေအချာပါပဲ။

Moon Lover season 2 တကယ်ပဲထွက်လာမလား ထွက်လာခဲ့ရင်ရော သရုပ်ဆောင်တွေအကုန်ပြန်ပါမလားဆိုတာကိုတော့​ ကေဒရမ်မာချစ်သူတွေက ရင်ခုန်စွာစောင့်မျှော်နေကြပါတယ်။ ပရိတ်သတ်ကြီးရော ဒီဇာတ်လမ်းတွဲကို season 2 ကိုကြည့်ဖို့ အဆင်သင့်ဖြစ်နေကြပြီလား။

Source: Lee Jun Ki’s Instagram

Share