Hollywood တွင်သရုပ်ဆောင်ရန် အခွင့်အရေးများ ရရှိလာသည့် အော်စကာဆုရ Parasite ရုပ်ရှင်မှ မင်းသား Choi Woo Shik

ယခုနှစ် အော်စကာတွင် လူပြောများစေခဲ့သော အော်စကာဆုရ Parasite ရှင်ရှင်တွင် ပါဝင်ခဲ့သော သရုပ်ဆောင်များသည် အာရှတခွင်တွင်သာမက အမေရိက၊ဥရောပ တွင်ပါအောင်မြင်လာခဲ့သည်။ Parasite ရုပ်ရှင်​၏ အဓိကပဲ့ကိုင်ရှင် Bong Joon Ho မှာလည်း Best Director ဆုဖြင့် အော်စကာဆုရရှိခဲ့ပါသည်။

Parasite ရုပ်ရှင်သည် တောင်ကိုရီးယား ရုပ်ရှင်လောကကိုသာမက အာရှရုပ်ရှင်ဈေးကွက် အတွက်ပါ အခွင့်အရေးများစွာ ဖွင့်လှစ်ပေးခဲ့သော ဇာတ်လမ်းကောင်းတစ်ခု ဖြစ်သည်။ လူတန်းစားနှစ်မျိုး​၏ လူမှုရေး၊ စီပွားရေး အခြေအနေ ကွာခြားပုံကို နှိုင်းယှဉ်၍ မြင်သာအောင် တင်ဆက်နိုင်ခဲ့သည့်အပြင် လူသားတို့​၏ မနာလိုစိတ် ၊ အငုံစိတ်များ ကိုသဘာဝန်ဆန်ဆန် တင်ဆက်ကာ ဖန်တီးပြသနိုင်ခဲ့ပါတယ်။

ထို့ကြောင့်လည်း အော်စကာ ၄ ဆုကို ထိုက်ထိုက်တန်တန် ရရှိကာ တောင်ကိုရီးယားရုပ်ရှင်အတွက်သာမက အာရှနိုင်ငံများ​ရှိ ရုပ်ရှင်လောကသားများအတွက်ပါ သမိုင်းတစ်ခုရေးထိုးပေးနိုင်ခဲ့ပါတယ်။ ထိုကဲ့သို့သော ရုပ်ရှင်ဇာတ်လမ်း​၏ အဓိကကျသောနေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့သော မင်းသား Choi Woo Shik သည် Parasite ရုပ်ရှင်အပီး သူ​၏နောက်ဆက်တွဲ အောင်မြင်မှုများကို ပြောပြလာခဲ့သည်။

Parasiteရဲ့ဟိုလေးတကျော်ကျော် အောင်မြင်မှုအပီးမှာ မင်းသားဟာ Hollywood မှ နာမည်ကြီး ရုပ်ရှင်companyများ​၏ ကမ်းလှမ်းမှုများကို ရရှိခဲ့ပါတယ် လို့ မကြာသေးမီက ပြုလုပ်ခဲ့သော interview တစ်ခုတွင် ဖြေကြားခဲ့ပါတယ်။ Interview မှာမင်းသားက “ ကျွန်တော်ဟိုးအရင်တုန်းက သရုပ်ဆောင်ခွင့် ရချင်လို့ audition clipsတွေပို့ခဲ့ရတဲ့ Hollywood Company တွေဟာ အခုဆို ကျွန်တော်ကို အသည်းအသန် ဆက်သွယ်လာကြပါတယ်။

ကျွန်တော်အထင် သူတို့ဟာ ကျွန်တော် English လိုဖြေထားတဲ့ interview တွေကိုတွေ့ပီး တချို့ထုတ်လုပ်သူတွေက သဘောကျနေပုံနဲ့ တူပါတယ်။ အခုဆိုရင် ကျွန်တော် Hollywood company တော်တော်များများဆီကနေ ဇာတ်ညွှန်းတွေ လက်ခံရရှိထားပါတယ်။ အခုထိတော့ သူတို့ဘက်နဲ့ ညှိနေတုန်းပါပဲ။ တကယ်လို့ရိုက်ဖြစ်တယ်ဆိုရင်တော့ ဒီနှစ်အတွင်းဖြစ်မှာပါ။

ကျွန်တော်ကတော့ Hollywood မှာ သရုပ်ဆောင် ရမှမဟုတ်ပါဘူး တောင်ကိုရီးယားမှာလည်း အလုပ်တွေ အများကြီး လုပ်ချင်နေတာပါ။ ဖြစ်နိုင်ရင် တောင်ကိုရီးယားမှာ ရိုက်ကူးတဲ့ ဇာတ်ကားတွေကြောင့် ပိုပီးအောင်မြင်တာကို လိုချင်ပါတယ်” လို့အပြည့်အစုံ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

Source: SBS star

Share