အကြာကြီးစောင့်ခဲ့ရတဲ့ comeback အတွက် BLACKPINK ပြင်ဆင်နေပြီ

ပြီးခဲ့တဲ့ 2019 ဧပြီလမှာ Kill this love သီချင်းနဲ့ အောင်မြင်တွေများစွာ ဆွတ်ခူးပြီးနောက် သီချင်းသစ်ထွက်ဖို့ နှောင့်နှေးနေတဲ့ BLACKPINK အဖွဲ့က စောင့်မျှော်နေတဲ့ပရိတ်သတ်တွေအတွက် ဂျွန်လမှာ အယ်လ်ဘမ်အသစ်ထွက်ဖို့ပြင်ဆင်နေပြီလို့ အတည်ပြုလိုက်ပါပြီ။

BLACKPINK ဟာ အခွေအသစ်အတွက် သီချင်းတွေအကုန်လုံးအသံသွင်းလို့ပြီးနေပြီဖြစ်ပြီး MV ကိုလဲ အပြီးသတ်ရိုက်ကူးနေဖို့ ပြင်ဆင်နေပြီလို့ တောင်ကိုရီးယားရဲ့ Star News သတင်းဌာနကနေ သိရှိရပါတယ်။ အယ်လ်ဘမ်အသစ်ကတော့ ဂျွန်လမှာ ထွက်ရှိမယ်လို့ ခန့်မှန်းထားပြီး ရက်အတိအကျတော့ မသိရသေးပါဘူး။

အဖွဲ့လိုက်ရော တစ်ဦးချင်းအနေနဲ့ပါ အောင်မြင်မှုအသီးသီးရရှိထားတဲ့ BLACKPINK အဖွဲ့ဟာ ကမ္ဘာတစ်လွှားမှာ ပရိတ်သတ်အများအပြားရှိပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်ကပဲ အဆိုတော် Lady Gaga နဲ့ သီချင်းသစ်ထွက်မယ်လို့ အတည်ပြုထားတာဖြစ်ပါတယ်။ BLACKPINK အဖွဲ့အနေနဲ့ မယုံနိုင်လောက်စရာ အောင်မြင်မှုတွေရရှိထားပေမယ့် သီချင်းအရေအတွက်ကတော့ အရမ်းနည်းပါးပြီး အနုပညာသက်တမ်းလေးနှစ်အတွင်းမှာ full album မထွက်ရသေးတာမို့ ပရိတ်သတ်တွေက အားမလိုအားမရ ဖြစ်နေကြတာပါ။

ဒီတစ်ခေါက်ထွက်လာမယ့်​ album ကတော့ ဘယ်လိုပုံစံဖြစ်မယ်ဆိုတာ မသိရသေးတာကြောင့် ပရိတ်သတ်တွေရင်ခုန်နေကြပါတယ်။စာဖတ်သူတို့ရော မိန်းမချောလေး လေးယောက်နဲ့ဖွဲ့စည်းထားတဲ့ BLACKPINK အဖွဲ့က ဘယ်လိုအမိုက်စား သီချင်းတွေ ဖက်ရှင်တွေနဲ့ စံချိန်သစ်တွေချိုးဦးမလဲဆိုတာ ရင်ခုန်နေကြပြီလား။

source: koreaboo

Share