Suzy ဆိုသည်မှာ MissA အဖွဲ့ဝင် တောင်ကိုရီးယားနိုင်ငံ၏ အချစ်တော် အဆိုတော်မလေးဖြစ်သည်။ ယခုနောက်ပိုင်းတွင့်တော့ သူမကို အဆိုလောကထက် အနုပညာနယ်ပယ်တွင် ပို၍တွေ့ရပါတယ်။ မကြာသေးမီကပင် Netflix မှထွက်ရှိခဲ့သော Vagabond ဇာတ်လမ်းတွဲတွင် မင်းသား Lee Seung Gi နှင့်အတူ တွဲဖက်ညီစွာ သရုပ်ဆောင်ထားမှုများကြောင့် ပရိတ်သတ်များထံမှ ချီးကျူးခံထားရသူလည်း ဖြစ်ပါတယ်။
Dream High ( 2011 ) ဇာတ်လမ်းတွဲဖြင့် သရုပ်ဆောင်လောကသို့ ဝင်ရောက်လာသော သူမသည် ယခုဆိုလျှင် ဝါရင့်သရုပ်ဆောင်ကြီး တစ်ဦးပင်ဖြစ်နေပါပီ။ Suzy ဟာသူမ၏ အပြစ်ကင်းစင်တဲ့ရုပ်ရည် သဘာဝ အတိုင်းလှပနေသော အသားရေ၊ ခန္ဓာကိုယ်အချိုးအစား တို့ကြောင့်လည်း Nation’s first love ဆိုတဲ့ ဘွဲ့ကိုလည်းရရှိထားသူ ဖြစ်ပါတယ်။
ယခုတွင်လည်းသူမသည် တောင်ကိုရီးယားနိုင်ငံ၏ အမျိုးသမီး kpop အဆိုတော်များထဲတွင် အကြီးမားဆုံးနှင့် ဈေးအကြီးဆုံး အိမ်ကိုပိုင်ဆိုင်ထားသူ ဖြစ်သည်ဟု သိရပါသည်။ ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သော TMI News တွင် ဇိမ်ခံအိမ်များပိုင်ဆိုင်သော တောင်ကိုရီးယား၏ အမျိုးသမီး kpop စာရင်းတွင် Suzy သည်ထိပ်ဆုံးမှ ရပ်တည်နေပါသည်။
သူမ၏အိမ်ကြီးဟာ တောင်ကိုရီးယားနိုင်ငံ၏ ဈေးကြီးဆုံး အိမ်ရာတစ်ခုဖြစ်သော Nonhyeon-dong ရပ်ကွပ်တွင် တည်ရှိနေပါသည်။ ၄၇၆၈ စတုရန်းပေ ကျယ်ဝန်းသော အိမ်ကြီးတွင် သူမတစ်ဦးတည်း နေထိုင်ပါတယ်။ အိမ်ခန်း ၄ ခု၊ ရေချိုးခန်း ၃ ခုပါဝင်ပီး ကြမ်းခင်းများအားလုံးကိုလည်း စကျင်ကျောက် ခင်းကျင်းထားပါတယ်။
အဆိုပါအိမ်ကြီး၏ လက်ရှိပေါက်ဈေးမှာ တောင်ကိုရီးယားဝမ် 4 billion ( 3.3 million dollars ) ဈေးတန်ပါတယ်။ ပရိတ်သတ်များသာမက အစီအစဉ် တင်ဆက်မှုများပါ သူမ၏ပိုင်ဆိုင်မှု ကိုတွေ့ခဲရတဲ့အခါ အံဩမှင်သက်ခဲ့ရပါသည်။ ရုပ်ရည်ချောမောရုံသာမက ဥစ္စာဒါန ပေါကြွယ်နေသော Suzy အား အားကျရုံမှတပါး အခြားမရှိတော့ပါ။
Source: SBS star