တောင်ကိုရီးယား ပရိတ်သတ်များကြားတွင် လက်တလော ဂယက်တစ်ခု ဖြစ်နေပါသည်။ အကြောင်းအရင်းမှာ မင်းသမီး Song Hye Kyo ( ဆောင်းဟေဂျို ) ဟာ မင်းသား Song joong ki နှင့် ကွားရှင်းပြတ်ဆဲ အပီးတွင် သူမ၏ ရည်းစားဟောင်းဖြစ်သော Hyun Bin ( ဗိုလ်ကြီး )နှင့် အဆက်အသွယ် ပြန်ရှိနေပီလားဟူသော သတင်းများကြောင့် ဖြစ်သည်။ ထိုသို့သတင်းများ ထွက်လာရခြင်းမှာ အောက်ပါ အကြောင်းအရင်း များကြောင့်ပင် ဖြစ်သည်။
1. Rumors on Sohu page… Sohu page ၏ပြောပုံအရ ဆောင်းဟေဂျိုနှင့် ညီအမအရင်းသဖွယ် ခင်နေသော မင်းသမီး Park Sol Mi မှ သူမ၏ Instagram တွင် The world they are living ဆိုတဲ့ဇာတ်ကားမှ OST ( သီချင်း ) ကို screenshot ရိုက်၍တင်လိုက်ခြင်းကြောင့်ဖြစ်သည်။ အဆိုပါ ဇာတ်လမ်းတွဲသည် ၂၀၀၈ ခုနှစ်တွင် မင်းသမီး Song Hye kyo နှင့် မင်းသား Hyun Bin တို့တွဲဖက်သရုပ်ဆောင်ခဲ့သော ဇာတ်လမ်းတွဲဖြစ်ပါသည်။
2. Song Hye Kyo မှ Comment ဝင်မန့်ခဲ့… အဆိုပါ သီချင်းကို screenshot ရိုက်တင်ထားထားသော Post ၏ အောက်တွင် Song Hye Kyo မှ “ sister, ha ha “ဆို၍ comment ပေးခဲ့သောကြောင့် ဖြစ်သည်။ 3. Netizens stir up rumors… ထိုကဲ့သို့သော အချက်များကြောင့် တောင်ကိုရီးယားမှ internet သုံးစွဲသူ့ အချို့ဟာ သူတို့၏ထင်မြင်ချက်များကို ရေးသားကြရာမှ အဆိုပါသတင်းမှာ ပိုမို၍ ပျံနှံခဲ့ရပါသည်။
4. တရုတ် မီဒီယာမှ ထောက်ပြတဲ့အချက်… Song Hye kyo ဟာမကြာသေးမီက သူမ ၂၈ အရွယ်ရှိပုံကိုတင်ခဲ့ပီး အဲ့အချိန်တွေကို ပြန်လိုချင်တယ်ဆိုတဲ့ ပုစံမျိုးဖြင့် post တင်ခဲ့ပါသည်။ အဆိုပါ ၂၈ နှစ်အရွယ်သည် Song Hye Kyo နှင့် Hyun Bin တို့၏ ချစ်သူဖြစ်နေသော ကာလပင်ဖြစ်ပါသည်။ သို့သော် မင်းသား Hyun Bin ၏ ပရိတ်သတ်များသည် ယခုလက်တလောတွင် ထွက်ရှိထားသော Crash Lansing on you ဇာတ်လမ်းတွဲမှ မင်းသမီး Son Ye Jin နှင့်သာ Dating သတင်းထွက်စေချင်ကြောင်း သူတို့၏ သဘောထားများကို Internet စာမျက်နှာများတွင် ပြောဆိုနေကြသည်။