မေလ ၁၄ ရက်နေ့မှာ စစ်မှုထမ်းတော့မယ် EXO ခေါင်းဆောင် Suho

EXO အဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့ရော သရုပ်ဆောင်မင်းသားအနေနဲ့ပါ အောင်မြင်မှုတွေရရှိထားတဲ့ Suho ဟာ စစ်မှုထမ်းတော့မယ်လို့သိရပါတယ်။ လာမယ့် မေလ ၁၄ ရက်နေ့မှာ တာဝန်စတင်ထမ်းဆောင်မှာဖြစ်ပါတယ်။ Xiumin နဲ့ D.O တို့ လက်ရှိစစ်မှုထမ်းနေတာမို့ သူဟာ EXO အဖွဲ့မှာ တတိယမြောက် စစ်ထဲဝင်မယ့် အဖွဲ့ဝင်ပါ။

နိုင်ငံ့တာဝန်ကို နှစ်နှစ်တာထမ်းဆောင်ရမယ့်အကြောင်းကို Suho ဟာ သူ့ရဲ့ပရိတ်သတ်တွေအတွက် အင်စတာဂရမ်မှာ နှုတ်ဆက်စာတိုလေးရေးပြီး အသိပေးခဲ့တာပါ။ သူကလဲ EXO-L တွေကို သတိရနေမှာဖြစ်ပြီး နှစ်နှစ်တာကာလကို စောင့်ဆိုင်းပေးရင် သိပ်မကြာတဲ့ကာလမှာ ပြန်တွေ့ကြမယ်လို့ ရေးသားထားတာဖြစ်ပါတယ်။

“How are you bread” ဆိုတဲ့ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအနေနဲ့ အောင်မြင်မှုရရှိခဲ့တဲ့ Suho ဟာ မကြာသေးခင်ကလဲ Netflix စီးရီးဖြစ်တဲ့ Busted Season 3 မှာ အဖွဲ့ဝင် Sehun နဲ့အတူပါဝင်ရိုက်ကူးခဲ့ပြီး solo သီချင်းတစ်ပုဒ်လဲထွက်ရှိထားပါတယ်။ လက်ရှိ EXO အဖွဲ့မှာ အဖွဲ့ဝင်ကိုးယောက်ရှိပြီး Suho စစ်မှုထမ်းရင် ကျန်အဖွဲ့ဝင်ခြောက်ယောက်နဲ့ပဲ အနုပညာလှုပ်ရှားမှုတွေကို ရှေ့ဆက်သွားဖို့များပါတယ်။

EXO ကိုရော ပရိတ်သတ်တွေကိုပါ အစ်ကိုရင်းတစ်ယောက်လို စောင့်ရှောက်ပေးတတ်တဲ့ Suho နဲ့ နှစ်နှစ်တာခွဲခွာရမှာကြောင့် ပရိတ်သတ်တွေကတော့ စိတ်မကောင်းဖြစ်နေကြပါတယ်။ ပရိတ်သတ်တွေလဲ စစ်မှုထမ်းတော့မယ့် Suho အတွက် ကျန်းမာဖို့နဲ့ဘေးအန္တရာယ်ကင်းဖို့ ဆုမွန်ကောင်းစကားလေးတွေ ပြောခဲ့ပေးပါဦးနော်။

source : annyeongoppa

Share