Song Seung Heon သို့မဟုတ် ဂျွန်စော ဟုလူသိများသော မင်းသားဟာ ယခုမေလအတွင်း ဇာတ်လမ်းတွဲအသစ်ဖြင့် ပရိတ်သတ်ထံ ပြန်လာတော့မှာပဲ ဖြစ်ပါတယ်။ MBC မှ လာမည့် တနင်္လာနေ့နှင့် အင်္ဂါနေ့တွင် စတင်ထုတ်လွှင့်မည့် “Shall we eat dinner together” ဇာတ်လမ်းတွဲတွင် မင်းသမီး Seo Ji Hye နှင့်အတူ တွဲဖက်သရုပ်ဆောင် မှာပင်ဖြစ်သည်။
သူတို့နှင့်အတူ မင်းသား Lee Ji Hoon နှင့် Son Naeun ( Apink )တို့က တွဲဖက်သရုပ်ဆောင်များအဖြစ် ပါဝင်ပါမည်။ ဇာတ်လမ်းတွဲဟာ ပရိတ်သတ်များကြားတွင် အောင်မြင်ခဲ့သော Webtoon (ကာတွန်း) ကိုအခြေခံကာ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်အိမ်မှာ အရင်ရည်းစားဟောင်းများကြောင့် အသီးသီး အသည်းကွဲဒဏ်ရာရှိဖူးတဲ့ သူနှစ်ယောက်ကြားက အချစ်သစ်ပေါက်ဖွားလာပုံကို သရုပ်ဖော်ထားပါတယ်။
Source: Soompi