The world of the married ဇာတ်လမ်းတွဲ​၏ ဇာတ်သိမ်းပိုင်း တွင် ပရိတ်သတ်များက Lee Tae Ohကို ဘုန်းကြီးဝတ်သွားစေချင်

The world of the married ဇာတ်လမ်းတွဲဟာ JTBC ရုပ်သံလိုင်းမှ ထုတ်လွှင့်၍ ယခုလတ်တလောတွင် နာမည်ကြီးဆုံး drama ပဲဖြစ်ပါတယ်။ ကိုရီးယား TVရုပ်သံလွှင့်သမိုင်းတွင် အမြင့်ဆုံးရရှိခဲ့သော Sky Castle ကိုကျော်လွန်ကာ စံချိန်သစ်တစ်ခုကို ချိုးနိုင်လိုက်ပါသည်။ ထိုကဲ့သို့ကြည့်ရှုသူနှုန်းများရခြင်း အကြောင်းမှာလည်း ဇာတ်လမ်းထဲတွင်ပါဝင်သော ဗီလိန်ဇာတ်ကောင်ကို ပီပြင်စွာသရုပ်ဆောင်နိုင်သော မင်သား၊ မင်းသမီး များကြောင့်ပင်ဖြစ်သည်။

ထိုအထဲတွင် အဓိက ဗီလိန်သရုပ်ဆောင်တစ်ဦးဖြစ်သော မင်းသား Park Hae Joon ( Lee Tae Oh နေရာမှ သရုပ်ဆောင် ) ​၏သရုပ်ဆောင်ချက်များမှာလည်း လူအများမုန်းအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။ ပရိတ်သတ်များထံမှ Lee Tae Oh ဆိုတဲ့ ဇာတ်ကောင်ကို နောက်ဆုံးတွင် ဘုန်းကြီးဝတ်သွားစေချင်ကြောင်း ပြောဆိုနေကြသည်။

တချို့မှာလည်း မင်းသား Park Hae Joo ​​၏ ယခင်က ဘုန်ကြီးအဖြစ်သရုပ်ဆောင်ထားသော ဓာတ်ပုံများကို ယူသုံးကာ သူတို့​၏ internet စာမျက်နှာပေါ်တွင် Post များတင်နေကြပါသည်။ ထို့ကဲ့သို့ ပရိတ်သတ်များက ဇာတ်လမ်းကို ဇာတ်သိမ်းစေချင် ရခြင်းမှာလည်း အကြောင်းအရင်း ရှိပါတယ်။ Park Hae Joon ဟာ The world of the married ဇာတ်လမ်းတွဲမှာ ဇနီးသည်ဖြစ်သူအား ဖောက်ပြန်ကာ မယားငယ်နှင့် လက်ထပ်ခဲ့သောကြောင့် ဖြစ်ပါသည်။

ထို့ကြောင် မယားကြီးနှင့် အပီးအပိုင် လမ်းခွဲခဲ့ပါသည်။သို့သော် ယခုအပတ်ထုတ်လွှင့်ခဲ့သော အပိုင်း ၁၂ တွင့်တော့ သူလက်ထပ်ထားသော မယားငယ်ကို လစ်လျူရှူ၍ မယားကြီးထံသို့ ပြန်လာကာ မယားကြီးနှင့် ထပ်မံ၍ဖောက်ပြန်ခဲ့သဖြင့် ကြည့်ရှုသူ ပရိတ်သတ်တော်တော်များများကို အံဩစေခဲ့ပါသည်။ ထိုကဲ့သို့သော မင်းသား​၏ သရုပ်ဆောင်မှုများကို ကြည့်ပီး ပိရိတ်သတ်များက Lee Tae Oh ဆိုတဲ့ ဇာတ်ကောင်ဟာ အသိတရားဝင်ဖို့လိုကြောင်း၊ အမှာကိုသိဖို့လိုကြောင်း ပြောခဲ့ကြပါသည်။

ထို့ကြောင့်ဇာတ်သိမ်းပိုင်းတွင် Lee Tae Oh ဆိုတဲ့ ဇာတ်ကောင်ကို ဘုန်းကြီးဝတ်စေချင်ကြကြောင်း ပြောဆိုနေကြပါတယ်။ ပရိတ်သတ်ကြီးကရော ထိုသို့ပွေလီရှုပ်ထွေးနေသော The world of the married ဇာတ်လမ်းတွဲကို ဘယ်လိုဇာတ်သိမ်း စေချင်တယ်ဆိုတာကို comment တွင် ဆွေးနွေးဖလှယ် နိုင်ပါတယ်နော်။

Source: Koreaboo

Share