Kim Goeun ရဲ့ရုပ်ရှင်ရိုက်ကွင်းအတွက် ကော်ဖီကားပို့ပေးခဲ့တဲ့ Gong Yoo နဲ့ Lee Dong Wook

Goblin ဇာတ်ကားနဲ့ မြန်မာပရိတ်သတ်တွေကြားနာမည်ကြီးလာတဲ့ မင်းသမီးလေး Kim Goeun ဟာ အခု မင်းသား Lee Minho နဲ့တွဲဖက်ပြီး The King : Eternal Monarch ဆိုတဲ့ ရုပ်ရှင်ဇတ်လမ်းတွဲကို ရိုက်ကူးနေပြီး အောင်မြင်မှုတွေလဲ ရရှိနေပါတယ်။ ရိုက်ကူးရေးကြောင့်ပင်ပန်းပြီး မအားလပ်ဖြစ်နေတဲ့ Kim Goeun နဲ့အဖွဲ့သားတွေကို အားပေးတဲ့အနေနဲ့ Goblin ဇာတ်လမ်းတွဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Gong Yoo နဲ့ Lee Dongwook ဟာ ရိုက်ကွင်းဆီကို မုန့်နဲ့ကော်ဖီကားပို့ပေးပြီး အားပေးမှုကို ပြသခဲ့ကြတာပါ။

ကားပေါ်မှာ Kim Goeun အတွက် အားပေးစကားပြောထားတဲ့ poster လေးလဲပါသလို Kim Goeun ရဲ့ပုံလှလှလေးပါတဲ့ coffee ခွက်လေးနဲ့ အစားအသောက်ပံ့ပိုးပေးခဲ့တာကြောင့် Kim Goeun လေးလဲ အပျော်ကြီးပျော်နေပါတယ်။ သူတို့သုံးဦးဟာ Goblin ဇာတ်လမ်းတွဲမှာ စတင်ခင်မင်ရင်းနှီးခဲ့တာဖြစ်ပြီး အခုချိန်ထိ တစ်ယောက်နဲ့တစ်ယောက် အနုပညာလှုပ်ရှားမှုတွေတိုင်းမှာ ပံ့ပိုးအားပေးနေကြတဲ့ အနုပညာမောင်နှမတွေပါ။

Lee Dong Wook နဲ့ Yoo Inna ရဲ့ Touch Your Heart ရိုက်ကွင်းကိုလဲ Kim Goeun က ကော်ဖီကားပို့ပေးပြီး အားပေးခဲ့ပါသေးတယ်။ပရိတ်သတ်တွေကတော့ နှစ်တွေကြာတဲ့အထိ အခင်အမင်မပျက်တဲ့ သူတို့ရဲ့ သံယောဇဉ်ကို သဘောကျနေကြပါတယ်။ News bar ပရိတ်သတ်တွေလဲ ဒီသုံးယောက်ကို ချစ်ခင်အားပေးကြမယ်လို့ထင်ပါတယ်နော်။

source: coffeegreate

Share