Show Lo ၏ ဖောက်ပြန်မှုသတင်းကြောင့် China Produce 2020 အစီအစဉ်မှ ထုတ်ပယ်ခံရပြီး Kris Wu အားအစားထိုးခဲ့

ထိုင်ဝမ်အဆိုတော် Show Lo ၏သတင်းသည် ဟိုလေးတကျော်ကျော် ပြန့်နှံခဲ့ပီး တရုတ်နိုင်ငံ၏ TV အစီအစဉ် တော်တော်များများမှ ထုတ်ပယ်ခံခဲ့ရပါသည်။ အကြောင်းအရင်းမှာ သူနှင့် ၄ နှစ်တာလက်တွဲခဲ့သောရည်စားဖြစ်သူ Grace Chow မှ April 23 ရက်နေ့တွင် သူမ၏ Weibo acc တွင် တင်လိုက်သော Post ကြောင့်ဖြစ်ပါသည်။

Post တွင် သူမသည် Show Loနှင့် လမ်းခွဲလိုက်ပီဖြစ်ကြောင်း ၊ Show lo ဟာတခြားမိန်းမတစ်ယောက်နှင့် ဖောက်ပြန်ကာ sex parties များပင် ကျင်းပခဲ့ကြောင်း ပေါက်ကွဲစွာ ပြောဆိုထားပါတယ်။ ထို့ကြောင်မို့ ပရိတ်သတ်များက Public figure အဆိုတော် တစ်ယောက်ဖြစ်သော Show Lo ကို သူပါဝင်သော TV အစီအစဉ်များမှ ထုတ်ပယ်ပေးရန် တောင်းဆိုနေကြပါတယ်။

Go Fighting ( 2015 to present ), Street Dance of China ( 2018 to present), Produce Camp 2020 စသည့် အမျိုးသမီး ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင် သော show များတွင် သူပါဝင်နေသဖြင့် ပရိတ်သတ်များမှ အကျင့်စာရိတ္တပျက်ပြားနေသော Show Lo အားထုတ်ပယ်ကြရန် ပြောဆိုနေကြခြင်း ဖြစ်သည်။

Produce Camp 2020 ကတော့ ထိုကိစ္စနှင့် ပက်သက်၍ လျင်မြန်စွာ တုံပြန်ပီး Show Lo ကို Mentor အဖြစ်မှ ထုတ်လိုက်ကြောင်း ကြေငြာခဲ့သည်။ သူ့နေရာတွင်တော့ Kris Wu ( Former exo’s member) သို့မဟုတ် Jackson Yee ကိုအစားထိုး သွားမှာပါ။ Go fighting နှင့် Street dance of China အစီအစဉ်တွင်လည်း Show Lo ပါဝင်ခွင့် မရှိတော့ပါ။

Show Lo ဟာ Taiwan မှာသာမက China မှာပါအောင်မြင်နေသူဖြစ်ပီး ယခုသူ၏ ဖောက်ပြန်မှုသတင်းကြောင့် သူ၏အနုပညာလမ်းကြောင်းထိခိုက်နေရပါပီ ။ လတ်တလောတွင်တော့ Show Lo ဖက်မှ ဘာမှပြောသံ မကြားရသေးပါ။ အဆိုပါ အကြောင်းအရာနှင့်ပက်သက်သော သတင်းစားရှင်းလင်းပွဲနှင့် ပရိတ်သတ်အား ဝန်ချတောင်းပန်းခြင်းကိုတော့ မေလအတွင်း လုပ်ဖြစ်မည် ဟုဆိုသည်။

Source: AsiaOne

Share