အခုထိ အချစ်ရေးသတင်းမရှိသေးတဲ့ K Cele အပျိုကြီး မမများ

ကိုရီးယားအနုပညာရှင်တွေကတော့ ငယ်ရွယ်တဲ့အချိန်မှာ အချစ်ရေးကိုအချိန်မပေးကြပဲ ပရိတ်သတ်တွေ စိတ်တိုင်းကျ အနုပညာကိုသာ အားစိုက်ကြတာများပါတယ်။ အဲ့ထဲမှာမှ အပျိုကြီးမမတွေကတော့ အခုချိန်ထိအလုပ်ကို စိတ်နှစ်ထားပြီး အချစ်ရေးသတင်း မကြားရသေးပါဘူး။

1. Son Yejin… Crash Landing on You ဇာတ်ကားနဲ့ melodrama queen ဆိုတဲ့ ဂုဏ်ပုဒ်ကို တစ်ဖန်ပြန်လည်ရရှိခဲ့တဲ့ သူမဟာအခုထိအချစ်ရေးသတင်းမရှိသေးပါဘူး။ မင်းသား Hyun Bin နဲ့လိုက်ဖက်ညီစွာ သရုပ်ဆောင်မှုကြောင့် ပရိတ်သတ်တွေ သဘောတူနေကြပေမယ့် သူတို့ကတော့ အခုထိသူငယ်ချင်းတွေပါတဲ့။

2. Ha Jiwon… Ji Changwook, Hyun Bin, Yoon Kyesang လိုထိပ်တန်း မင်းသားတွေနဲ့ အချစ်ဇာတ်လမ်းတွေမှာ တွဲဖက်ညီစွာသရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုရော အလှအပရော ပြီးပြည့်စုံတဲ့ ဒီမမက အခုထိချစ်သူရှိတယ်လို့ သတင်းမကြားရ သေးတာကတော့ တကယ် စိတ်ဝင်စားစရာပါ။

3. Song Jihyo… Running Man ရဲ့ အလှပဂေးသူမကတော့ အသက် 40 နှစ်ရှိပြီဖြစ်ပြီး ခုထိချစ်သူရည်းစားသတင်းမထွက်သေးပါဘူး။ လုပ်ဖော်ကိုင်ဖက် Kim Jong Kook နဲ့ ပရိတ်သတ်တွေက သဘောတူနေကြတာဖြစ်ပြီး သတင်းကောင်းကြားရဖို့ စောင့်နေကြတာပါ။

4. Yoo Inna… အရွယ်တင်လွန်းတဲ့ ဒီမင်းသမီးလေးကလဲ အသက် ၃၇ နှစ်ရှိပြီဖြစ်ပြီး အခုထိအပျိုကြီးပါပဲ။ မင်းသား Lee Dong Wook နဲ့ Goblin, Touch Your Heart စတဲ့ ဇာတ်လမ်းတွဲနှစ်ခု ဆက်တိုက်ရိုက်ကူးခဲ့ပေမယ့် အချစ်ရေးသတင်း မထွက်လာခဲ့တဲ့အတွက် ပရိတ်သတ်များ စိတ်ဝင်စားမှုရှိနေပါတယ်။

5. Gong Hyo Jin… When the camellia blooms, The Master’s Sun စတဲ့ဇာတ်လမ်းတွဲတွေရဲ့ မင်းသမီးလေးဟာလဲ အရွေးလွန်နေပုံပါပဲ။ ခေတ်တိုင်းရဲ့ ထိပ်တန်းမင်းသားတွေနဲ့ချည်း တွဲဖက်အလုပ်လုပ်ခဲ့ရပေမယ့် ဘယ်သူနဲ့မှ ချစ်သူမဖြစ်ခဲ့ပါဘူး။ အနာဂါတ်မှာ ဘယ်မင်းသားလေးနဲ့ ချစ်သူဖြစ်လာမလဲဆိုတာကို ရင်ခုန်နေကြပါတယ်။

6. Jang Nara… အနုပညာသက်တမ်း နှစ်နှစ်ဆယ်ရှိပြီဖြစ်ပေမယ့် အခုထိဆယ်ကျော်သက်ကလေးလို နုပျိုနေတဲ့ Jang Nara ရဲ့ လျို့ဝှက်ချက်ကတော့ တစ်ယောက်တည်းပျော်ပျော်နေတာထင်ပါရဲ့။ အပျိုကြီးမမဆိုပေမယ့် အပျိုပေါက်လေးလို ချစ်စရာကောင်းနေတုန်းပါ။

ဒီမင်းသမီးတွေကတော့ အပျိုကြီးဖြစ်လို့ပဲပိုလှနေတာလား လှလွန်းလို့ပဲ အပျိုကြီးလုပ်နေကြတာလားဆိုတာတော့​ စဉ်းစားစရာပါပဲနော်။ Myanmar Cele Bar ပရိတ်သတ်တွေရော ဘယ်လိုထင်ပါသလဲ။ ထင်မြင်ချက်လေးတွေကို ကွန်မန့်မှာရေးသားထားနိုင်ပြီး ဘာသာပြန် ကိုရီးယားသတင်းတွေကို သိချင်ရင်တော့ Page လေးကို Like လုပ်ထားဖို့မမေ့ပါနဲ့နော်။

Source: Koreaboo

Share