လက်ရှိမှာ ချစ်သူရည်းစားမရှိတဲ့ ကိုရီးယားက ခန့်ချောလူပျိုကြီးများ အကြောင်း

Gong Yoo… အသက်လေးဆယ်ကျော်ပြီဖြစ်ပြီး အခုထိ အချစ်ရေးသတင်းတစ်ခါမှ မထွက်ဖူးတဲ့မင်းသားပါ။ ရိုက်ကူးသမျှ ရုပ်ရှင်ဇာတ်လမ်းတွဲတိုင်းမှာ ပြောင်မြောက်စွာသရုပ်ဆောင်တာကြောင့်​ အနုပညာမှာပဲ စိတ်နှစ်ထားပုံရပါတယ်။ ပရိတ်သတ်များစွာ စိတ်ဝင်စားမှုကိုလည်း ခံနေရသူတစ်ဦးဖြစ်ပါတယ်။

Kim Rae Won… Love Story in Harvard ကနေ Black Knight အထိ ဇာတ်လမ်းတွဲပေါင်းများစွာမှာ ဒိတ်ဒိတ်ကျဲအလှပဂေးတွေနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Kim Rae Won ဟာ အခုထိလူပျိုကြီးဖြစ်ပြီး အချစ်ရေးသတင်းလဲ မထွက်ဖူးပါဘူး။ အချစ်ရေးသတင်းကို နားစွင့်နေတဲ့ ချစ်တဲ့သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

Lee Jun Ki… မင်းသမီး Jeon Hye Bin နဲ့ နှစ်နှစ်ကြာတွဲခဲ့ပေမယ့် ၂၀၁၇ တည်းကပြတ်စဲသွားခဲ့တာပါ။ Moon Lover ဇာတ်လမ်းတွဲထဲမှာ IU နဲ့ လိုက်ဖက်ညီတာကြောင့် ပရိတ်သတ်တွေက ချစ်သူဖြစ်စေချင်ပေမယ့် သူတို့ကတော့အခုထိ ရင်းနှီးတဲ့မောင်နှမလိုဆက်ဆံရေးမျိုးပါ။

Lee Dong Wook… မင်းသမီး Suzy နဲ့ဒိတ်လုပ်ခဲ့ဖူးပေမယ့် ဘယ်လောက်မှမကြာပဲ ပြတ်စဲခဲ့ပါတယ်။ ဇာတ်လမ်းတွဲနှစ်ခုဆက်တိုက် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Yoo Inna နဲ့ ပရိတ်သတ်တွေက သဘောတူပေမယ့် ကောလဟာလသတင်းတောင် မထွက်ခဲ့တဲ့ လူပျိုကြီးနဲ့အပျိုကြီးပါ။

Hyun Bin… နာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Song Hye Kyo, Kang Sora တို့နဲ့ တွဲခဲ့ပေမယ့် ၂၀၁၇ တည်းကခုထိ တစ်ကိုယ်တည်းလို့ဆိုပါတယ်။ ရုပ်ရှင်နှစ်ကားဆက်တိုက်တွဲရိုက်ဖူးတဲ့ မင်းသမီး Son Yejin နဲ့ကောလဟာလ အမျိုးမျိုးထွက်ပေမယ့် နှစ်ဖက်လုံးက အတည်မပြုခဲ့ပါဘူး။

Jo Insung… မင်းသမီး Kim Min Hee နဲ့ တွဲခဲ့ဖူးပြီး တွဲဖက်ရိုက်ကူးခဲ့တဲ့ မင်းသမီးတော်တော်များနဲ့ ကောလဟာလထွက်ဖူးပေမယ့်​ လက်ရှိမှာတော့ လူပျိုကြီးပါ။ အသက်လေးဆယ်နားနီးနေပေမယ့် ဆွဲဆောင်မှုကတော့ မလျော့သေးတာမို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးပါ။

Source: Korean Websites

Share