2019တွင် နာမည်ကြီးခဲ့သော တရုတ်နိုင်ငံ​၏ တက်သစ်စ မင်းသား ၆ဦး (အပိုင်း ၁)

၂၀၁၉အတွက် တရုတ်နိုင်ငံတွင် ပြသခဲ့သော ဇာတ်လမ်းတွဲများထဲမှ အကောင်းဆုံး ဇာတ်လမ်းတွဲများကို နှစ်ကုန်ပိုင်းတွင် ရွေးချယ်ခဲ့ပါသည်။ The Untamed, Go Go squid, Goodbye my princess စသည့် drama များသည် ကြည့်ရှုသူနှုန်း အများအပြားရရှိခဲ့သော ၂၀၁၉ ​၏ အောင်မြင်ဆုံး drama များပင်ဖြစ်သည်။ ထိုကဲ့သို့သောဇာတ်လမ်းတွဲကောင်းများတွင် ပါဝင်သရုပ်ဆောင်ခဲ့၍ ပရိတ်သတ်များ​၏ ချစ်ခင်မှုကို ရရှိခဲ့သော မင်းသား ၇ ဦးကို Myanmar Cele Bar မှ ရေးသားဖော်ပြ ပေးလိုက်ပါသည်။

1.Cheng Xing Xu

Cheng Xing Xu ဟာ The legend of condor Heroes (2017)နှင့် Goodbye my princess (2019)တို့ကြောင့် ပရိတ်သတ်​၏ အားပေးမှုကိုရရှိခဲ့ပါသည်။ အထူးသဖြင့် Goodbye my princess တွင် Gu Xiaowu ဆိုတဲ့ဇာတ်ရုပ်ကို novel (ဝထ္ထု)ထဲက ဇာတ်ကောင်နှင့် တသားတည်းကျအောင် သရုပ်ဆောင်နိုင်ခဲ့ သဖြင့်လူအများ​၏ ချီးကျူးမှုကို ခံထားရသူပဲဖြစ်ပါတယ်။ မင်းသားဟာ ယခုဆိုလျှင် နာမည်ကြီးလာသည်နှင့်အမျှ များပြားလှသော projects များအတွက်ပြင်ဆင်နေရပါတယ်။ လက်ရှိမှာတော့ နာမည်ကြီးမင်းသမီး Lu Yi Feng နှင့်အတူ “The glory of youth “ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပါတယ်။

2. Xu Kai

နောက်ထပ် ဖော်ပြပေးမည့် တစ်ယောက်ကတော့သူ​၏ချောမောလှသောရုပ်ရည် အပြင် ဆွဲဆောင်မှုရှိသော မျက်လုံးလေးကြောင့် နာမည်ကြီးလာခဲ့သော မျက်နှာသစ် မင်းသားလေးပဲ ဖြစ်ပါတယ်။ ၂၀၁၃ တွင် ကျင်းပသော modelပြိုင်ပွဲတွင် winner ဖြစ်ပီးနောက်ပိုင်း အနုပညာလမ်းကြောင်းပေါ်သို့ ဝင်ရောက်လာခဲ့ပါတယ်။ ထို့နောက် ၂၀၁၆ တွင် Untouchable lover ဇာတ်ကားတွင် စတင်ပါဝင် သရုပ်ဆောင်ခဲ့ပါသည်။ ၂၀၁၈ တွင် China တွင်ရော International တွင်ပါ အောင်မြင်ခဲ့သော Story of Yanxi Place ဇာတ်လမ်းတွင် Fuheng ဇာတ်ရုပ်ဖြင့် ပရိတ်သတ်များ​၏ ရင်ထဲကို ထိုး​ဖောက်နိုင်ခဲ့ပါတယ်။ Xu Kai ​၏ဇာတ်လမ်းတွဲ အသစ်များလည်း ၂၀၂၀တွင် ထွက်ရှိရန် တန်းစီလျက်ရှိနေပီး ယခုလက်တလောတွင်တော့ မင်းသားဟာ Falling into your smile ဆိုတဲ့ drama ကိုရိုက်ကူးနေပါတယ်။

3.Li Xian

2019 တွင် hot ဖြစ်ခဲ့သော Chinese dramaကိုပြောပါဆိုလျှင် Go Go squid ဇာတ်လမ်းတွဲဟာ မပါမဖြစ်ပဲ ဖြစ်ပါတယ်။ Li Xianဟာ အနုပညာလောကသို့ဝင်ရောက်လာတာ ကြာပီဖြစ်သော်လည်း ယခု ၂၀၁၉တွင် ထွက်ရှိခဲ့သော Go Go squid အပြီးတွင် ပရိတ်သတ်​၏ အားပေးမှုကို တခဲနက် ရရှိခဲ့ပါသည်။ Han Shan Yan ဆိုတဲ့ ဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့ပီး အမျိုးသမီးထုကြီး​၏ စိတ်ကူးယဉ်ချစ်သူ ( boyfriend material )ဖြစ်ခဲ့ရပါတယ်။ အဆိုပါဇာတ်ကားဟာ the 8th iqiyi All-star Carnival ပွဲတွင် အကောင်းဆုံးဇာတ်ကားဆုရရှိခဲ့ပီး Li Xian မှာလည်း အမျိုးသား ဇာတ်ဆောင်ဆု ရရှိခဲ့ပါတယ်။ Li Xian အား ၂၀၂၀တွင်တော့ မှုခင်းရုပ်ရှင် “The Engima of Arrival “နှင့် “Pride & Price” ဆိုတဲ့ ဇာတ်လမ်းတွဲတွင် တွေ့မြင်ရပါဦးမည်။ ကျန်ရှိနေသော ၃ ဦးကို (အပိုင်း ၂) တွင် ဆက်လက်ဖော်ပြပါမည်။

Source…Soompi

Share