2019တွင် နာမည်ကြီးခဲ့သော တရုတ်နိုင်ငံ​၏ တက်သစ်စ မင်းသား ၆ ဦး (အပိုင်း ၂)

ဒုတိယပိုင်းအနေနဲ့ 2019တွင် နာမည်ကြီးခဲ့သော တရုတ်နိုင်ငံ​၏ တက်သစ်စ မင်းသား ၆ ဦးထဲက နောက်ဆုံး ၃ ယောက်အကြောင်းကို တင်ဆက်ပေးပါမယ်နော်…

4.Xiao Zhan

Xiao Zhan ဟာ သူ​၏ အပြုံးချိုချိုလေးဖြင့် ကမ္ဘာတစ်ဝှမ်းရှိ မိန်းကလေးပရိတ်သတ်များကို ကြွေဆင်းသွားအောင် ပြုစားနိုင်သူဟူ၍ နာမည်ကြီးသည်။၂၀၁၉ တွင် ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်ခဲ့သော The Untamed ဇာတ်ကားကြောင့် သူ​၏ အနုပညာလမ်းကြောင်းတွင် အမြင့်ဆုံးနေရာတစ်ခုသို့ ရောက်ရှိခဲ့ပါသည်။
The Untamed ဇာတ်လမ်းတွဲဟာ Chinaတွင်သာမက ကမ္ဘာတစ်ဝှမ်းလုံးတွင်ပါ နာမည်ကြီးခဲ့သော ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ထိုဇာတ်လမ်းတွဲဖြင့် Xiao Zhan ဟာ တကမ္ဘာလုံးမှ သရုပ်ဆောင်ကောင်းတစ်ဦး အဖြစ် အသိအမှတ်ပြုခြင်းကို ရရှိခဲ့လိုက်ပါသည်။ Xiao Zhan ဟာ ၂၀၂၀ခုနှစ် IQIYI ဆုပေးပွဲတွင်လည်း အောင်မြင်ဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့ပါသည်။ ၂၀၂၀တွင်တော့ The Oath of love ဇာတ်လမ်းတွဲဖြင့် ပရိတ်သတ်ထံပြန်လာတော့ မှာပဲဖြစ်ပါတယ်။

5. Wang Yi Bo

Wang Yi Bo ဆိုတာကတော့ မိတ်ဆက်ပေးစရာ မလိုအောင်ပင် လက်ရှိတွင် အောင်မြင်ကျော်ကြား နေသော မင်းသားတစ်လတ်ပဲ ဖြစ်ပါတယ်။ The Untamed တွင်ပါဝင် သရုပ်ဆောင်ခဲ့ပီး Lan Wang Ji ဇာတ်ကောင်ဖြင့် ပရိတ်သတ်ထံမှ အချစ်များစွာ ရရှိခဲ့ပါသည်။ ထိုကဲ့သို ဟုန်းဟုန်းတောက်မအောင်မြင်သေးခင်က Wang Yi Bo ဟာ ကိုရီးယား-တရုတ် boyband ဖြစ်တဲ့ UNIQ အဖွဲ့ဝင်ဖြစ်ပီး သူ​၏ အကစွမ်းရည် ကြောင့်လူသိများသည်။
သူ​၏အောင်မြင်မှုဟာ လည်း Xiao Zhan နှင့်အတူတူပင်ဖြစ်သည်။ The Untamed ​၏ ဟိုးလေးတကျော်ကျော် အောင်မြင်မှု အပီးတွင် Wang Yi Bo ဆိုတာကလည်း တကမ္ဘာလုံး​အားပေးချစ်ခင်ရသော မင်းသားတလတ် ဖြစ်လာခဲ့သည်။ ဆုပေါင်းများစွာ ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ လတ်တလောတွင်တော့ Lengend of fei ဆိုတဲ့ ဇာတ်လမ်းတွဲ ထွက်ရှိရန်ရှိကြောင်း သိရပါသည်။

6. Lin Yi

နောက်ဆုံးတစ်ယောက် အနေနဲ့ကတော့ Put your head on my shoulders ဆိုတဲ့ ဇာတ်လမ်းတွဲဖြင့် နာမည်ကြီးခဲ့သော တက်သစ်စ မင်းသားလေးပဲဖြစ်ပါတယ် ။ လူငယ်တွေ​၏ ဘဝကိုရိုက်ကူးထားသော ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းတွဲလေး ဖြစ်ပီး တရုတ်နိုင်ငံသာမက ကမ္ဘာအနှံ့နှံ့မှ လူငယ်များကြားတွင် ရေပန်းစားခဲ့သော ဇာတ်လမ်းတွဲပင်ဖြစ်သည်။ အရပ် 188 cm ရှိသောမင်းသားသည် သူ​၏ ရှည်လျားသောအရပ်နှင့် ကြည့်ကောင်းသော ရုပ်ရည်တို့ကြောင့်လည်း လူကြိုက်များသည်။ မင်းသားသည် မကြာသေးမီကပင် Ling Long ဆိုတဲ့ ဇာတ်လမ်းတွဲနှင့် Hope Island ဆိုသောရုပ်ရှင်တွင် ပါဝင်မည်ဟု ပရိတ်သတ်များအား အသိပေးထားပါသည်။

အားလုံးလည်း ကျေနပ်မိမယ်လို့မျှော်လင့်ရပါတယ်။ နောက်ထပ် အနေနဲ့ တရုတ်၊ ကိုရီးယား၊ မြန်မာ၊ ဟောလိဝုဒ် နဲ့ ဘောလိဝုဒ် ကဆယ်လီသတင်းတွေကို အမြဲဘာသာပြန်တင်ဆက်ပေးနေတဲ့ Myanmar Cele Bar Page လေးကိုလည်း Like & See First လုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်နော်…။

Source: Soompi

Share