အခြေအနေတချို့ကြောင့်​ ၁၈ နှစ်ငယ်တဲ့ ခင်ပွန်းဖြစ်သူရဲ့ သစ္စာရှိမှုကို သံသယဝင်နေရတဲ့ Ham Sowon

၂၀၁၈ ခုနှစ်မှာ အသက် ၁၈ နှစ်ငယ်တဲ့ တရုတ်လူမျိုးချစ်သူကောင်လေး Jin Hua နဲ့လက်ထပ်ခဲ့တာကြောင့် media တွေကို ပွက်လောရိုက်သွားစေခဲ့တဲ့ Ham Sowon ဟာ သူ့အိမ်ထောင်ရေးအပေါ် သံသယဝင်စေတဲ့ အဖြစ်အပျက်တွေ ကြုံနေရကြောင်း ရင်ဖွင့်လာခဲ့ ပါတယ်။

Heard it through a grapevine ဆိုတဲ့ ရုပ်သံအစီအစဉ်မှာ Ham Sowon က “ကျွန်မဆီ​ကို ဒီရက်ပိုင်း message တွေတအားပို့ကြတယ် များသောအားဖြင့် Jin Hua က မိန်းကလေးငယ်ငယ်လေးနဲ့ ဖောက်ပြန်မှာပဲ လို့ ခြိမ်းခြောက်တဲ့ message တွေချည်းပဲ” လို့ သူ့အဖြစ်ကို ဖွင့်ဟပါတယ်။

“အဲ့လို message တွေဖတ်ပြီးတဲ့အခါတိုင်း ကျွန်မယောက်ျားကို ခဏခဏစစ်မေးမိတယ်” လို့ ခင်ပွန်းကိုပါ သံသယဝင်လာရတဲ့ အကြောင်းကိုပြောပြပါတယ်။ သူမဆီကို ခြိမ်းခြောက် message ပို့တဲ့လူတွေ အတော်များများရှိပြီး အဲ့ဒီရဲ့ 99% ဟာ သူ့ခင်ပွန်းကို လွတ်မြောက်ခွင့်ပေးလိုက်ပါဆိုတဲ့ စာတွေချည်းပါပဲတဲ့။

Ham Sowon အနေနဲ့ လွယ်လွယ်စိတ်ဓာတ်ကျတတ်သူ မဟုတ်ပေမယ့် သူမအိမ်ထောင်ရေးနဲ့ပတ်သတ်ရင် ထိခိုက်မှာကိုတော့ နာကျင်ရပါတယ်တဲ့။ သူမတို့ဇနီးမောင်နှံဟာ Wife’s Taste ဆိုတဲ့ ရုပ်သံအစီအစဉ်မှာ အတူပါဝင်တည်းက ပြဿနာအချို့ကြောင့် လူစိတ်ဝင်စားခံခဲ့ရတာပါ။

လက်ရှိမှာ သမီးလေးတစ်ယောက်ရှိပြီး အသက် ၁၈ နှစ်ကွာတာတောင် မြတ်မြတ်နိုးနိုး လက်ထပ်ယူခဲ့တာမို့ ဒီအိမ်ထောင်ရေးဟာ လွယ်လွယ်ပြိုကွဲမှာတော့မဟုတ်ပါဘူး။ ပရိတ်သတ်တွေလဲ ဒီစုံတွဲ ကြုံနေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါဦးနော်။

source : koreaboo

Share