အရန်မင်းသားအဆင့်မှ နာမည်ကြီးခေါင်းဆောင်မင်းသားဘဝ သို့ရောက်ရှိလာခဲ့သော Park Seo Jun ​၏ အနုပညာခရီးလမ်း

မင်းသား Park Seo Jun ဟာအသက်၂၀တွင် Key East Entertainment နှင့်စာချုပ်ခဲ့ပီး အနုပညာလမ်းကြောင်းပေါ်သို့ စတင်ဝင်ရောက်လာခဲ့ပါတယ်။ သူရဲ့စတင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ Dream High 2 ပဲဖြစ်ပါတယ်။ ထိုကားတွင် မင်းသားဟာ အရန် ဇာတ်ဆောင်နေရာတွင် သရုပ်ဆောင်ခဲ့ပါတယ်။

ထိုနောက် ၂၀၁၂ခုနှစ်တွင် Shut up Family ဆိုတဲ့ဟာသ ဇာတ်လမ်းတွဲတွင် ပရိတ်သတ်များ စ၍သတိထားမိ လာပါတယ်။ ထိုဇာတ်ကားတွင်ပဲ မင်းသား Choi Woo Shik (Parasite ရုပ်ရှင်မှ မင်းသား) နှင့် တွေ့ဆုံခဲ့ပီး ခင်မင်ရင်နှီးကာ ယခုဆိုလျှင် အချစ်ဆုံးသူငယ်ချင်းများပင် ဖြစ်နေကြပါပီ။

၂၀၁၃ ခုနှစ်တွင်တော့ One warm word ဆိုတဲ့ ဇာတ်လမ်းတွဲဖြင့် လူအများသိလာကြပါတယ်။ ထိုနှစ်မှာပင် Park Seo Jun ဟာ SBS ​၏ တက်သစ်စ သရုပ်ဆောင်ဆုကို ရရှိခဲ့ပါသည်။ ခေါင်းဆောင်မင်းသား အဖြစ်စတင်သရုပ်ဆောင်သော ဇာတ်လမ်းတွဲမှာတော့ A witch’s love ပဲ ဖြစ်ပါတယ်။

ထို့နောက် She was Pretty ဇာတ်လမ်းတွဲရိုက်ကူးပီး Park Seo Jun ​၏ဘဝဟာ တဆစ်ချိုးပြောင်းလဲခဲ့ပါတယ်။ မင်းသားဟာ တောင်ကိုရီးယား​၏ နာမည်ကြီး မင်းသားစာရင်းထဲတွင် ပါဝင်လာခဲ့ပါပီ။ သူ​၏အောင်မြင်မှုကို ထိပ်ဆုံးသို့ရောက်အောင် ပို့ဆောင်ပေး ခဲ့သော ဇာတ်လမ်းတွဲများကို ပြောပါဆိုလျှင်တော့ Fight for My way နှင့် what wrong with secretary Kim စသည့် ဇာတ်လမ်းတွဲများပဲ ဖြစ်ပါသည်။

အဆိုပါဇာတ်လမ်းတွဲများ သည်သူ​၏ တည်ကြည်သောရုပ်ရည် ၊ Fashion ကျမှုများ နှင့် ပြောင်မြောက်သော သရုပ်ဆောင်ချက်များကြောင့် မိန်းကလေး ပရိတ်သတ်အားလုံး​၏ အသည်းကျော် ဖြစ်ခဲ့ရပါသည်။ ယခု ၂၀၂၀ခုနှစ်တွင် ပြသခဲ့သော Itaewon class ဇာတ်ကားကြောင့်လည်း Park Seo Jun ​၏ အောင်မြင်မှုဟာ မြင့်သည်ထက် မြင့်လာခဲ့ပါသည်။

ယခုဆိုလျှင် မင်းသားသည် သူ​၏အောင်မြင်မှုကြောင့် Hollywood တွင်ပါ စတင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံနေရပါပီ။ လတ်တလောတွင်တော့ Park Seo Jun ​သည် IU နှင့် တွဲဖက်သရုပ်ဆောင်မည့် Dream ဆိုတဲ့ ရုပ်ရှင် အတွက် ပြင်ဆင်နေပါသည်ဟုဆိုသည်။ ၂၀၂၁ တွင်လည်း ထွက်ရှိလာမည့် Park Seo Jun ​၏ ပြောင်မြောက်သော ဇာတ်လမ်းတွဲ ၊ ရုပ်ရှင်များကိုလည်း ပရိတ်သတ်ကြီးကမျှော်လင့်နေမည်ဟု ထင်ပါတယ်နော်။

Source: Koreaboo

Share