ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားတဲ့ ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွဲများ

ကိုရီးယားဇာတ်လမ်းတွဲတွေဟာ ဇာတ်လမ်းဇာတ်အိမ် ခိုင်မှာမှုနဲ့ ဇာတ်ညွှန်းတိကျမှုတွေကြောင့်​ လူကြည့်များပြီးအောင်မြင်နေတာပါ။ ပရိတ်သတ်ရင်ကို ထိမှန်စေတဲ့ ဇာတ်လမ်းတိုင်းဟာလဲ ဇာတ်ညွှန်းရေးဆရာတွေရဲ့ စိတ်ကူးသက်သက်တော့ မဟုတ်ပါဘူး။ အောက်ဖော်ပြပါ ဇာတ်လမ်းတွဲတွေကတော့ ဖြစ်ရပ်မှန်ကိုအခြေခံထားတာ ဖြစ်ပါတယ်။

Queen for Seven Days
မင်းသမီး Park Minyoung နဲ့ မင်းသား Yeon Woo Jin တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းဟာ ၁၅၀၆ ခုနှစ်က တကယ့်အဖြစ်အပျက်ကို အခြေခံထားတာပါတဲ့။ ဂျိုဆွန်းခေတ်က ဘုရင်မ ဒန်ယောင်း (Queen Dangyeong) ရဲ့ ရင်နာစရာ ဇာတ်လမ်းကို ပြန်ရိုက်ကူးထားတာပါ။

Reply 1988
၁၉၈၈ ခုနှစ်ကိုအခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ ပါဝင်သမျှကတော့ ဖြစ်ရပ်မှန်မဟုတ်ပေမယ့် မင်းသား Park Bogum သရုပ်ဆောင်ရတဲ့ Choi Taek ဇာတ်ကောင်ကတော့ ထိုခေတ်က Baduk ကစားသမား Lee Chanho ရဲ့ဘဝကို နမူနာယူထားတာ ဖြစ်ပါတယ်။

My Wife Is Having An Affair
ဂျပန်ဇာတ်လမ်းတွဲကို remake ပြန်ရိုက်ထားတဲ့ ဒီစီးရီးဟာလဲ တကယ့်အဖြစ်အပျက်ပါ။ ဂျပန်အမျိုးသားတစ်ဦးက သူ့မိန်းမဖောက်ပြန်နေကြောင်းကို လူမှုကွန်ယက်မှာရေးတင်ပြီး နာမည်ကြီးသွားခဲ့ရာကနေ ဒီဇာတ်လမ်းကိုရေးဖို့ စိတ်ကူးရခဲ့တာလို့ ဇာတ်ညွှန်းဆရာကဆိုပါတယ်။

Hwarang
နာမည်ကျော်မင်းသားများစွာပါဝင်ပြီး အောင်မြင်ခဲ့တဲ့ Hwarang ဇာတ်လမ်းတွဲကလဲ ရှီလာခေတ်တုန်းက ရှိခဲ့တဲ့ ပညာတတ်လူငယ်အဖွဲ့အစည်းတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်ကောင်တွေကတော့ တကယ်ရှိခဲ့တာမဟုတ်ပဲ စိတ်ကူးယဉ်ပြီး ရေးသားထားတာပါတဲ့။

Empress Ki
ဇာတ်လမ်းကတော့ ဖြစ်ရပ်မှန်မဟုတ်ပေမယ့် ဇာတ်ကောင်တွေဖြစ်တဲ့ ဧကရီဘုရင်မနဲ့ ဧကရာဇ်ဘုရင် ကတော့​ သမိုင်းမှာတကယ်ရှိခဲ့ပါတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အများကိုစိတ်ဝင်စားတာဖြစ်သလို မင်းသား Ji Changwook မင်းသမီး Ha Jiwon တို့ပါဝင်ထားတာဖြစ်လို့ ကြည့်ရှုနှုန်းမြင့်ခဲ့တဲ့ ဇာတ်လမ်းတွဲပါ။

Six Flying Dragons
မင်းသမီး Shin Se Kyung နဲ့ နာမည်ကျော်မင်းသားများစွာပါဝင်တဲ့ သမိုင်းနောက်ခံဇာတ်လမ်းတွဲကလဲ တကယ့် သူရဲကောင်းတွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဂျိုဆွန်းခေတ်မှာ နန်းတက်ခဲ့တဲ့ ထယ်ဂျိုဘုရင် (King Taejo)ရဲ့ အကြောင်းဖြစ်တာမို့ ကိုရီးယားပြည်သူတွေ အသည်းစွဲတဲ့ ဇာတ်ကားဖြစ်ပါတယ်။

Fight For My Way
ဇာတ်လမ်းတစ်ခုလုံး ဖြစ်ရပ်မှန်မဟုတ်ပေမယ့် မင်းသား Park Seo Jun ရဲ့ character ကတော့ ကိုရီးယားလက်ဝှေ့အကျော်အမော် Choo Sung Hoon (Return of Superman အစီအစဉ်မှ Sarang လေးရဲ့ ဖခင်) ဘဝကို မှီငြမ်းထားတယ်လို့သိရပါတယ်။ လက်ဝှေ့သမားတွေရဲ့ ကြိုးဝိုင်းထဲကဘဝနဲ့ ပြင်ပဘဝဖြတ်သန်းပုံကို ရိုက်ပြထားတာပါ။

Signal
ဒီနာမည်ကျော် မှုခင်းဇာတ်လမ်းတွဲကတော့ ကိုရီးယားရဲ့နာမည်ကျော် ဟွဲဆောင်း(Hwesung) လူသတ်မှုအကြောင်း ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ယနေ့အထိ အမှုမှန်မပေါ်သေးတဲ့အတွက် ဇာတ်ညွှန်းရေးဆရာက လူထုစိတ်ဝင်စားမှုမြင့်တင်ပြီး အမှုမှန်ပေါ်အောင် ရဲတပ်ဖွဲ့ကို ဖိအားပေးတဲ့အနေနဲ့ ဒီဇာတ်လမ်းကို ရေးခဲ့တာဖြစ်ပါတယ်။

source : channelkorea

Share