Park Seo Joon နဲ့ပတ်သတ်လို့ ပရိတ်သတ်တွေမသိသေးတဲ့ အချက် ၁၀ ချက်

မင်းသားချော Park Seo Joon ကိုတော့ ကေဒရမ်မာနှစ်သက်အားပေးသူတွေ မသိပဲနေမှာမဟုတ်ပါဘူးနော်။ ဒါပေမယ့် ပရိတ်သတ်တွေ သိပ်မသိကြသေးတဲ့ သူနဲ့ပတ်သတ်တဲ့ အချက်ကလေးတွေ ရှိပါတယ်။ သူ့ရဲ့ မြန်မာဖန်လေးတွေလဲရှိတာမို့ သိချင်နေကြမယ်ထင်မိပါတယ်ရှင့်…

၁။ ပထမဆုံး သရုပ်ဆောင်ခဲ့တဲ့ MV… ဇာတ်လမ်းတွဲတွေမှာ သရုပ်မဆောင်ခင် 2011 ခုနှစ်မှာ Bang Yong Guk ရဲ့ I remember ဆိုတဲ့ MV နဲ့ သရုပ်ဆောင်အလုပ်ကိုစတင်ခဲ့တာပါ။ ပိန်ပိန်သေးသေး Seo Joon လေးကို မှတ်မိကြရဲ့လား။ ၂။ သူ့ရဲ့မိသားစု… Park Seo Jun ဟာ ညီအစ်ကိုသုံးယောက်မှာ အကြီးဆုံးဖြစ်ပြီး သူ့အောက်မှာညီနှစ်ယောက်ရှိပါတယ်။ သူ့ညီတွေက အိမ်ထောင်ကျပြီးဖြစ်လို့ တူမလေးတောင် ရှိနေပါပြီ။

၃။ သူ့ရဲ့ ဖက်ရှင်အမြင်… အမြဲစတိုင်ကျနေတဲ့ Park Seo Joon ဟာ fashion နဲ့ပတ်သတ်ရင်လဲ အရမ်းအမြင်ရှိပြီး Tommy Hilfiger ရဲ့ ပထမဆုံး အာရှမော်ဒယ်တစ်ဦးပါ။ အရပ် ၆ ပေမြင့်တာမို့ ဘာဝတ်ဝတ် စမတ်ကျနေတာပါ။ ၄။ သူ့ရဲ့နာမည်ကျော် သူငယ်ချင်းများ… ဒီအကြောင်းကိုတော့ မသိတဲ့လူရှားပါတယ်။ Park Seo Joon ဟာ BTS အဖွဲ့ဝင် V, အော်စကာဆုရ Parasite ကားထဲက မင်းသား Choi Woosik, မင်းသား Park Hyungsik တို့နဲ့ BFF တွေပါ။

၅။ အချစ်ရေး ကောလဟာလများ… ဇာတ်လမ်းအတူရိုက်ဖူးတဲ့ မင်းသမီး Baek Jin Hee, Sistar အဖွဲ့က Hyorin, မင်းသမီး Park Min Young တို့နဲ့ dating ကောလဟာလထွက်ဖူးပေမယ့် သတင်းတွေအကုန်လုံးကို ငြင်းဆိုခဲ့ပါတယ်။ အခုထိလဲ single ပါ။ ၆။တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မမများ… အနုပညာခရီးအစတည်းက သူ့ထက်အသက်ကြီးတဲ့ စီနီယာတွေနဲ့သာ သရုပ်ဆောင်ရတာများပါတယ်။ Hwang Jung Eum, Uhm Jung Hwan, Han Hyo Joo စတဲ့ မမလှလှတွေရဲ့ မောင်လေးပါ။

၇။ အပြင်ဘဝက အကျင့်စရိုက်… ရုပ်ရှင်ထဲမှာ ကာရိုက်တာမျိုးစုံသရုပ်ဆောင်ပေမယ့် အပြင်မှာတော့ အနေအေးတဲ့ပုံစံပါတဲ့။ သူငယ်ချင်းတွေနဲ့အတူရှိရင်တောင် စကားသိပ်မပြောပဲ သူငယ်ချင်းတွေပြောတာကိုသာ နားထောင်ပါတယ်တဲ့။ ၈။ လိုချင်တဲ့ ချစ်သူမိန်းကလေးပုံစံ… မိန်းကလေးဆိုရင်တော့ အပြုံးလှလှလေးနဲ့ ဆွဲဆောင်မှုရှိတာကိုသဘောကျပါတယ်တဲ့။ ပထမဆုံးအမြင်က အရေးကြီးတယ်လို့ထင်ပြီး သူနဲ့အကျင့်စရိုက် နေပုံထိုင်ပုံတူညီရင် အဆင်ပြေမှာပါတဲ့။

၉။သူ့ရုပ်ရည်အပေါ် သူ့ရဲ့အမြင်… မိန်းကလေးတွေရဲ့ သဲသဲလှုပ်ကြိုက်တာ ခံရတဲ့ Park Seo Joon ဟာသူ့ကိုယ်သူ မချောဘူးလို့ထင်ပါသတဲ့။ “ကျွန်တော့်မျက်နှာက ဗလာကြီးဖြစ်နေသလိုပဲ မင်းသမီးတွေ ပိုလှသွားချင်ရင် ကျွန်တော်နဲ့တွဲသရုပ်ဆောင်သင့်တယ်” လို့ နှိမ့်ချတတ်ပါသေးတယ်။ ၁၀။မောက်မာဝံ့ကြွားမှုမရှိတဲ့ သာမာန်ဘဝ… Park Seo Joon ဟာ ကင်မရာတွေမရှိရင် သာမာန်လူလိုပဲနေထိုင်ပါတယ်။ နာမည်ကျော်မင်းသားဖြစ်နေတာတောင် အရင်ကဆို အလုပ်မှာဒီလိုအခွင့်အရေးမရှိခဲ့ဘူးလို့ မအောင်မြင်ခင်က အခြေအနေကို ပြန်ပြောနေတတ်သူပါ။

source: Soompi

Share