Suzy နှင့် Nan Joo Hyuk တို့၏ ဇာတ်လမ်းတွဲအသစ် စတင်ရိုက်ကူးနေ

2020 နှစ်လယ်ပိုင်းသို့ ရောက်လာတော့မည်ဖြစ်သဖြင့် ပရိတ်သတ်များ မျှော်လင့်နေကြသော Suzy နှင့် Nan Joo Hyuk တို့၏ ဇာတ်လမ်းတွဲအသစ်လည်း စတင်ရိုက်ကူးနေပါပီ။ TVN ကနေထုတ်လွှင့်မည့် Start up ( Sandbox) ဟာဆိုရင် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ထုတ်လွှင့်နိုင်သည်ဟု ဆိုထားပါသည်။

ကိုရီးယားရှိ Silicon Valley လိုဆိုလို့ရတဲ့နေရာမှာ ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်မည့် စီးပွားရေးသမားအနေနဲ့ Nan Joo Hyuk ကသရုပ်ဆောင်မှာပါ။ Suzy ကတော့ အလုပ်မြောက်များစွာ လုပ်ဖူးပီး ကိုယ်ပိုင်လုပ်ငန်းတည်ထောင် ချင်သူ တစ်ဦးအနေနဲ့ သရုပ်ဆောင်မှာပါ။
သူတို့နှစ်ဦးကို မကြာသေးမီက bus ကားမှတ်တိုင်တွင် ဇာတ်လမ်းတွဲ၏ ဇာတ်ဝန်းခန်းအချို့ကို ရိုက်ကူးနေသည်ကို ပရိတ်သတ်များ တွေ့ရပါသည်။

အဆိုပါ ဇာတ်ကားသည်လည်း ၂၀၂၀ တွင်ပရိတ်သတ် စောင့်မျှော်နေသာ ဇာတ်လမ်းတွဲစာရင်းတွင် ပါဝင်နေပါသည်။ ၂၀၂၀ နောက်ပိုင်းတွင်တော့ အဆိုပါ ဇာတ်ကားကို ကြည့်ရှုနိုင်မည်ဟု ယူဆရပါသည်။ ကိုရီးယား ဆယ်လီသတင်းတွေကို ဘာသာပြန်တင်ဆက်ပေးနေတာဖြစ်လို့ Myanmar Cele Bar Page လေးကိုလည်း Like and See First လုပ်ထားပေးပါဦးနော်။

Source: Koalasplayground

Share