ကြွေလွင့်သွားပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်အတွက် ရည်ရွယ်တယ်လို့ ယူဆရတဲ့ IU ရဲ့သီချင်းသစ် (ရုပ်သံ)

Kpop လောကရဲ့ ငွေကြယ်ပွင့်တွေဖြစ်တဲ့ Sulli နဲ့ Jonghyun တို့ရဲ့ သေဆုံးမှုဟာ kpop ပရိတ်သတ်တွေအတွက် ဘယ်အချိန်ပြန်ပြောပြော နာကျင်ရတဲ့ အဖြစ်ဆိုးကြီးနှစ်ခုပါ။ ပရိတ်သတ်တွေအတွက်တောင် ဒီလောက်ခံစားရတာမို့ သူတို့နဲ့အပြင်မှာ ရင်းနှီးကျွမ်းဝင်တဲ့ သူတွေအတွက်ဆို ဒီဒဏ်ရာက ဘယ်လောက်နက်မလဲဆိုတာ ပြောစရာတောင်မလိုပါဘူး။

IU ကတော့ ကြွေလွင့်သွားတဲ့ ကြယ်ပွင့်နှစ်ဦးလုံးနဲ့ မောင်နှမလိုခင်မင်ခဲ့တာ ဖြစ်တဲ့အတွက် ဒီအဖြစ်ဆိုးကြီးရဲ့ ရိုက်ခတ်မှုဟာ အတော်ကြီးခဲ့တာပါ။ နာကျင်စရာတွေကို မြိုသိပ်ထားနိုင်ပုံမရတော့တဲ့ IU ဟာ ဒီနေ့ထွက်လာတဲ့ Eight ဆိုတဲ့ သီချင်းသစ်ဟာ သူ့ရဲ့သေဆုံးသွားပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ကို ရည်ညွှန်းထားတာလို့ ပရိတ်သတ်တွေက ပြောနေကြပါတယ်။

သီချင်းရဲ့စာသားတွေဟာ နှုတ်မဆက်ပဲထွက်ခွာသွားတဲ့ သူငယ်ချင်းကို အခုတော့ပျော်နေပြီလားလို့ ကြေကြေကွဲကွဲမေးထားတာဖြစ်ပြီး ပျော်ရွှင်ခဲ့တဲ့အမှတ်တရတွေမှာ အမြဲတွေ့နေကြမယ်လို့လဲ ပါပါတယ်။ MV ထဲမှာလဲ သူ့ရဲ့သေဆုံးသွားတဲ့ သူငယ်ချင်း Sulli လို့ယူဆရတဲ့ ကာတွန်းပုံမိန်းမလေး ကောင်းကင်ပေါ်မှာ ပျံသန်းနေတာကို IU ကမျက်ရည်တွေကြားက ပြုံးပြီးကြည့်နေတဲ့ ဇာတ်ကွက်လေးလဲ ပါတာမို့ ပရိတ်သတ်တွေမျက်ရည် မဆည်နိုင်အောင် ဖြစ်ခဲ့ရတာပါ။

Sulli နဲ့အတူ ကောင်းကင်မှာပျံသန်းနေတဲ့ Dragon Lizard လေးကတော့ Jonghyun ပါတဲ့။ IU နဲ့ Sulli ဟာ ညီအစ်မတွေလို ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ပြီး IU က Sulli အတွက်ရည်ညွှန်းတဲ့ Peach ဆိုတဲ့သီချင်းလေးကို သီဆိုခဲ့ပြီး Sulli ကလဲ မသေဆုံးခင်ကမှ IU ရဲ့ Hotel Del Luna ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ပေးခဲ့တာ ဖြစ်ပါတယ်။

Jonghyun နဲ့လဲ အတော်လေးရင်းနှီး တာလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ သူငယ်ချင်းတွေအတွက် ကြေကွဲလွမ်းဆွတ်နေရတဲ့ IU အတွက်ရော ကြွေလွင့်ပြီးခဲ့တဲ့ကြယ်ပွင့်တွေအတွက်ရော စိတ်မကောင်းကြီးစွာနဲ့ kpop လောကမှာ ဒီလိုအဖြစ်ဆိုးတွေထပ်မကြုံရဖို့ ဆုတောင်းပါတယ်။

Source: Kpopnews

Share