Blackpink အဖွဲ့ဝင် Lisa အား အသက်အန္တရယ်နှင့် ပက်သက်၍ ခြိမ်းခြောက်ခြင်း ခံနေရသဖြင့် ပရိတ်သတ်များ စိတ်ပူနေ

လူသိများတဲ့ မိန်းကလေး Kpop အဆိုတော်အဖွဲ့ ဖြစ်သော Blackpink ဟာ အောင်မြင်မှုများရရှိသကဲ့သို့ တစ်ဖက်တွင်လည်း မလိုသူများထံမှ ခြိမ်းခြောက်မှုများလည်း ခံရပါသည်။ ယခုလတ်တလောတွင် အဖွဲ့ဝင်ဖြစ်သော Lisa သည် ခြိမ်းခြောက်စာများကို twitter မှတဆင့် ရရှိနေပါသည်။

Lisa ဟာ တရုတ်နိုင်ငံရဲ့ အစီအစဉ်တခုဖြစ်တဲ့ Youth with you (season 2) dance mentor အဖြစ်ပါဝင်ခဲ့ပီးနောက် တရုတ်ပရိတ်သတ် အများအပြား၏ ဝန်းရံမှုကိုခံထားရပါသည်။ ယခုဆိုလျှင်လည်း တရုတ်ပရိတ်သတ်များက Lisa ရဲ့လုံခြုံရေးကို စိတ်ပူနေကြတာပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှ အကောင့်တစ်ခုက Twitter တွင် Lisa အားရည်ညွှန်း၍ ခြိမ်းခြောက်စာ တစ်ခုတင်ခဲ့ပါတယ်။ အဆိုပါအကောင့်ပိုင်ရှင်က သူဟာ သေနတ်ဖြင့် Lisa ကို အန္တရယ်ပြုမည် ဟုဆိုသည်။ သူ့၏ Post အတိအကျမှာ “Blackpink ရဲ့ comeback stage လုပ်လို့ရှိရင် ငါက Lisa ကို သေနတ်နဲ့ပစ်မှာ။

နင်တို့တွေအားလုံး သူ့ကိုကြိုပီး နှုတ်ဆက်ထားလိုက်တော့။ ဘာလို့ဆို နင်တို့သူရဲ့ ရုပ်ဆိုးနေတဲ့မျက်နှာကို အခုနောက်ဆုံးအနေနဲ့ တွေ့ရမှာပဲမို့ ” လိုဆိုထားပါသည်။ တရုတ်ပရိတ်သတ်များ ဟာ ထိုကိစ္စကို အထူးသတိထားမိပီး သက်ဆိုင်ရာများ သိရှိစေရန် အလို့ငှါ weibo တွင် post များတင်ပီး Lisa ဘက်မှ ဝန်းရံပေးနေကြပါသည်။

တစ်ဖက်တွင်လည်း YG entertainment မှတာဝန်ရှိသူများ ကို Lisa ၏ လုံခြုံရေးကို အထူးဂရုပြုပေးရန်နှင့် ကြိုတင်ကာကွယ်သင့်သည်များကိုလည်း ပြင်ဆင်ထားရန် ပရိတ်သတ်များက တိုက်တွန်းနေကြသည်။ ထိုကဲ့သို့ ခြိမ်းခြောက်စာ လက်ခံရရှိသည်မှာ Lisa အတွက် ပထမဆုံး မဟုတ်ပေ။

ကျန်ခဲ့သောလတွင်လည်း လူတစ်ဦးက သူရဲ့ instragram story တွင် ” ဟဟ, ငါ Lisa ကိုသတ်ဖို့ သေနတ်ဝယ်ထားပီးပီ ” ဆို၍ ကြောက်လန့်စရာကောင်းအောင် ခြိမ်းခြောက်ထားသောကြောင့် ဖြစ်သည်။ ပိုဆိုးသွားစေတာက အဆိုပါအကောင့်ကပဲ Lisa ၏ အုတ်ဂူပုံစံ ပုံမျိုးတင်ထားသောကြောင့်လည်း ဖြစ်သည်။

ထိုကဲ့သို့မျိုး အသက်အန္တရယ် နှင့် ပက်သက်၍ Lisa အားခြိမ်းခြောက်ခံနေရသော်လည်း YG entertainment ဖက်မှ မည်သည်ကိုမျှ မထုတ်ပြန်သေးပါ။ Blackpink ၏ comeback မှာလည်း ဇွန်လတွင် ပြုလုပ်တော့မှာ ဖြစ်သည့်အတွက် ပရိတ်သတ်များက Lisa အတွက် အထူးစိုးရိမ် ပူပန်နေကြပါတယ်။

Source: Koreaboo

Share