ပရိတ်သတ်တွေသတ်မှတ်ထားတဲ့ ကေဒရမ်မာထဲက အလိုက်ဖက်ဆုံး စုံတွဲ ၁၀ တွဲ

Geum Jan Di & Gu Jun Pyo (Boys Over Flower)
ကျောင်းသားအချစ်ဇာတ်လမ်းတွေထဲမှာ အအောင်မြင်ဆုံးလို့ပြောရမယ့် F4 ဇာတ်လမ်းတွဲရဲ့ ဂေါင်ဂျန်ဒီနဲ့ ဂူဂျွန်ဖြို ကိုတော့ မသိတဲ့သူမရှိပါဘူးနော်။ ဇာတ်လမ်းရဲ့အောင်မြင်မှုနဲ့အတူ Lee Minho နဲ့ Ku Hye Sun တို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီစွာ သရုပ်ဆောင်မှုကလဲ လူပြောများခဲ့ပါတယ်။

Tae Gong Sil & Joo Joong Won (The Master’s Sun)
သရဲတွေကိုမြင်ရတဲ့ ကောင်မလေး ထယ်ဂုံရှီနဲ့ ဇီဇာကြောင်တဲ့ သူဌေးလေး ဂျူဂျောင်ဝမ်ကလဲ မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းပါဘူးနော်။ ဝါရင့်မင်းသားမင်းသမီးတွေဖြစ်တဲ့ So Ji Sub နဲ့ Gong Hyo Jin က တွဲဖက်ညီညီ သရုပ်ဆောင်ထားပါတယ်။

Lee Shin & Lee Gyu Won (Heart Strings)
၂၀၁၁ ခုနှစ်တုန်းက မိန်းကလေးတိုင်းရဲ့ အသဲကျော်ဖြစ်တဲ့ လီရှင်းနဲ့ မိန်းကလေးတိုင်းအားကျရတဲ့ လီဂယူဝမ်တို့ စုံတွဲလေးပါ။ သီချင်းကောင်းတွေအများကြီးပါဝင်တဲ့ စီးရီးမို့ အဆိုတော်မင်းသား Jung Yong Hwa နဲ့ မင်းသမီး Park Shin Hye တို့ သရုပ်ဆောင်ထားပါတယ်။

Do Bong Soon & Ahn Min Hyuk (Strong Woman Do Bong Soon)
ပုပုသေးသေးနဲ့ အားကြီးတဲ့ ကောင်မလေး ဒိုဘုံဆွန်းတို့စုံတွဲကတော့ ချစ်စရာသရုပ်ဆောင်မှုလေးတွေနဲ့ ပရိတ်သတ်အသဲကိုချွေယူခဲ့တာပါ။ ဒိုဘုံဆွန်းအနေနဲ့ မင်းသမီး Park Bo Young နဲ့ CEO အနေနဲ့ မင်းသား Park Hyung Sik တို့ပါဝင်ထားပါတယ်။

Kim Joo Won & Gil Ra Im (Secret Garden)
ဗိုလ်ကြီးလို့မြန်မာပရိတ်သတ်တွေ သိကြတဲ့ မင်းသား Hyun Bin ကို ထိပ်တန်းမင်းသားဖြစ်လာစေတဲ့ ဇာတ်လမ်းတွဲပါ။ ရိုမန့်တစ် scene တွေက တအားအောင်မြင်ခဲ့တာမို့ မင်းသမီး Ha Jiwon နဲ့အတူ best drama couple ဆုကိုတောင် ရခဲ့ပါတယ်။

Kim Bok Joo & Jung Joon Young (Weightlifting Fairy Kim Bok Joo)
ရယ်လဲရယ်ရ ချစ်စရာလဲကောင်းတဲ့ ဘို့ဂျူ( Lee Sung Kyung) နဲ့ဂျွန်ယောင်း(Nam Joo Hyuk) ကတော့ အပြင်မှာလဲ တကယ်ချစ်သူတွေဖြစ်ခဲ့ဖူးတာမို့ အချစ်ခန်းတွေကို သဘာဝကျကျ အရိုဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ စိတ်မကောင်းစရာကတော့ အခု လမ်းခွဲလိုက်ကြပါပြီ။

Ji Eun Tak & Kim Shin (Goblin : The Lonely and the Great God)
သွက်လက်တဲ့အထက်တန်းကျောင်းသူလေး ဂျီအွန်းထက် နဲ့ မှင်စာဦးဦး ဂင်ရှင်း တို့အတွဲလေးကတော့ ကြည့်ရှုသူပရိတ်သတ်ကို ရသစုံပေးစွမ်းခဲ့တာပါ။ သဘာဝကျစွာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Gong Yoo နဲ့ မင်းသမီး Kim Goeun ဟာ အပြင်မှာလဲရင်းနှီးကြပါတယ်။

Han Ji Eun & Lee Young Jae (Full House)
ကမ္ဘာတစ်လွှား K Wave ကိုအစပြုခဲ့တဲ့ ချစ်စံအိမ်ဇာတ်လမ်းတွဲထဲက Song Hye Kyo နဲ့ Rain ကိုတော့ မေ့နိုင်ကြမယ်မထင်ပါဘူး။ ကြည်နူးလွမ်းဆွတ်စရာ ရယ်စရာ အသဲယားစရာ ဇာတ်ဝင်ခန်းတွေကို သဘာဝကျကျ သရုပ်ဆောင်ခဲ့ကြပါတယ်။

Do Min Joon & Cheon Song Yi (My Love from Another Star)
တခြားကမ္ဘာက ဂြိုဟ်သားလေးဒိုမင်ဂျွန်းနဲ့ ပြာကလပ်စိန်မင်းသမီးလေး ချောင်းဆုန်းရီ ကလဲ ကေဒရမ်မာသမိုင်းမှာ အချစ်ခံရဆုံးစုံတွဲပါပဲ။ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ Kim Soo Hyun နဲ့ Jun Ji Hyun တို့ပါဝင်တာကြောင့် စီးရီးရဲ့အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပါပဲ။

Kang Mo Yeon & Yoo Si Jin (Descendants of the Sun)
Big Boss နဲ့ဒေါက်တာမလေး တို့စုံတွဲကတော့ ဒီစာရင်းရဲ့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ လိုက်ဖက်လွန်းတာကြောင့်​ ပရိတ်သတ်တွေ သဘောတူခဲ့တဲ့ Song Song စုံတွဲဟာ ရုပ်ရှင်ရိုက်ကူးနေရင်း မေတ္တာမျှကာ လက်ထပ်ခဲ့ကြပြီး ခုတော့စိတ်မကောင်းစရာ ကွာရှင်းလိုက်ကြပါပြီ။

source: msmojo

Share