မေလတွင် ထွက်ရှိမည့် တရုတ်ဇာတ်လမ်းတွဲကောင်း ( ၄ ) ခု

Covid-19 ကြောင့်အိမ်အပြင်မထွက်ပဲ အိမ်တွင်ရုပ်ရှင်ကြည့်မည့်သူများအတွက် ယခုမေလထဲတွင် ထွက်ရှိမည့် တရုတ်ဇာတ်လမ်းတွဲကောင်း ( ၄ ) ခုကို ပြောပြပါရစေ။

1. Beautiful reborn flower

ဝထ္ထုကိုပြန်လည် ရိုက်ကူးထားတာဖြစ်ပီး ဒီအချစ်ဇာတ်လမ်းတွဲဟာ Qiao Man နှင့် Nan Shengတို့အမွှာညီအမကို မူတည်၍ ဇာတ်အိမ်တည် ထားပါတယ်။ ထိုညီအမနှစ်ယောက်ဟာ ငယ်စဉ်ကာ အရမ်းချစ်ကြသော်လည်း မိဘများကွာရှင်းကြဖြင့် တယောက်တနေရာစီ ကြီးပြင်း ခဲ့ရပါသည်။ အရွယ်ရောက်လာတဲ့အခါမှာ Qiao Man နှင့် Nan Sheng တို့ဟာ တက္ကသိုလ်တခုတည်း တူတူတက်ခဲ့ရပီး တယောက်နှင့်တယောက်တော့ မသိသေးလေ။ ပိုဆိုးစေတာက Qiao Man ဟာသူ့အမ Nan Sheng ၏ ရည်းစားဖြစ်သူ Lin Heping အား
မြင်မြင်ချင်း ချစ်ခဲ့မိရာမှ ပြသနာများ စတင်ဖြစ်ပေါ်လာတော့သည်။

2. Serenade of peaceful joy

Held in the lonely castle ဟုလည်း သိကြပါသည်။ သူဟာ နန်းတွင်းထဲမှ ဘုရင် နှင့် သူရဲ့ သမီးတော်၏ ရာဇာဝင်ကို အခြေခံ၍ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဖခင်တယောက်၏ သားသမီးအပေါ် ထားရှိသော အနှိုင်းမဲ့ မေတ္တာကိုလည်း ထိုဇာတ်လမ်းတွဲတွင် ကျိန်းသေပေါက် တွေ့ရမှာပါ။

3. The Wolf

ဒီဇာတ်လမ်းတွဲဟာ ရိုက်ကူးပီးသွားတာတော့ အတော်ပင် ကြာခဲ့ပါပီ။ အကြောင်းအရင်း အမျိုးမျိုးကြောင့် ထုတ်လွှင့်ရန် ကြန့်ကြာနေခဲ့ပီး ယခု ၂၀၂၀ မေလတွင့်တော့ ထုတ်လွှင့်ရန် သေချာသလောက်ရှိနေပါပီ။ Tang Danasty ရဲ့ မင်းသားငယ်တစ်ပါး၏ အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါသည်။ သူရဲ့ဖြောင့်မတ်တည်ကြည်မှုနှင့် အချစ်ရေး စစ်ရေးစသည့် ရသမျိုးစုံပါဝင့်မည့် ဇာတ်လမ်းတွဲကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

4.We are all alone

Office drama အမျိုးအစားမျိုး ဖြစ်ပီး အဆိုပါ ဇာတ်ကားဟာ မကြာသေးမီက ဆုံးပါသွားသော မင်းသား Godfrey Gaoရဲ့ နောက်ဆုံးရိုက်ကူးခဲ့သော ဇာတ်လမ်းတွဲပင် ဖြစ်ပါသည်။ ထိုဇာတ်လမ်းတွဲသည် မင်းသားမသေဆုံးမီကပင် ရိုက်ကူးပီးစီးခဲ့သဖြင့် ယခုကဲ့သို့ ထုတ်လွှင့်ပြသရခြင်း ဖြစ်သည်ဟုဆိုသည်။

Source..Hotpot TV

Share