အချစ်ရေးမှာကံခေတဲ့ ကိုရီးယားမင်းသမီးများ

မိန်းကလေးတွေဟာ လှပပြီးအောင်မြင်နေရင် အချစ်ရေးကံကောင်းပြီလို့ အများစုက ထင်တတ်ကြပါတယ်။ ဒီကိုရီးယားမင်းသမီးလေးတွေကတော့ ရုပ်ရည်ရော အရည်အချင်းရော ပြောစရာမလိုပေမယ့် အချစ်ရေးမှာ ကံဆိုးသူတွေပါ။

Ku Hye Sun
2016 မှာ မင်းသား Ahn Jae Hyun နဲ့လက်ထပ်ပြီး လူတကာအားကျရတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ခဲ့ပေမယ့် အဆင်မပြေမှုတွေကြုံလာရပြီး 2019 မှာ ကွာရှင်းခဲ့တာပါ။ သူတို့အတွင်းကိစ္စမို့ ဘယ်သူမှားတယ်ဆိုတာတော့ ပြောရခက်ပေမယ့် Ku Hye Sun ကတော့ တော်တော်လေးကို ခံစားခဲ့ရတဲ့ပုံပါပဲ။

Song Hye Kyo
ကိုရီးယားရဲ့အလှဆုံး မင်းသမီးတစ်လက်ဖြစ်တဲ့ သူမဟာ အချစ်ရေးတော့ကံမကောင်းရှာပါဘူး။ 2003 ခုနှစ်မှာ မင်းသား Lee Byung Hoon ,2008 ခုနှစ်မှာ မင်းသား Hyun Bin တို့နဲ့ ချစ်သူဖြစ်ခဲ့ပေမယ့် လမ်းခွဲခဲ့ရပြီး 2017 မှာလက်ထပ်ခဲ့တဲ့ မင်းသား Song Joon Ki နဲ့လဲ အဆုံးသတ်မလှခဲ့ပါဘူး။

Wang Bit Na
မြန်မာရုပ်သံလိုင်းတွေက ဇာတ်လမ်းတွဲတွေမှာ အမြဲတွေ့ရတတ်တဲ့ မင်းသမီးလေးဟာ 2007 ခုနှစ်မှာ ခင်ပွန်းဟောင်း ဂေါက်ရိုက်အားကစားသမားနဲ့ လက်ထပ်ခဲ့ပေမယ့် သားလေးနှစ်ယောက်ရအပြီး အိမ်ထောင်သက် ၁၁ နှစ်မှာ ကွာရှင်းပြတ်စဲလိုက်ပါပြီ။

Chae Rim
၂၀၀၀ ပြည့်နှစ်တွေတုန်းက မြန်မာပြည်မှာ ဂျင်ဆန်းမီလို့ နာမည်ကြီးခဲ့တဲ့ မင်းသမီးလေးကလဲ အချစ်ရေးကံမကောင်းပါဘူး။ အဆိုတော် Lee Seung Hwan နဲ့ကွာရှင်းခဲ့ပြီး 2013 ခုနှစ်မှာ ရုပ်ရှင်ရိုက်ရင်းတွေ့တဲ့ တရုတ်မင်းသား Gao Zi Qi နဲ့တော့ သားသမီးတစ်ယောက်ရပြီး အေးချမ်းစွာနေထိုင်နေပါတယ်။

Go Hyun Jung
အခုအသက်ငါးဆယ်ရှိ​ပြီဖြစ်တဲ့ မင်းသမီးဟာ ခင်ပွန်းဖြစ်သူ စီးပွားရေးလုပ်ငန်းရှင်နဲ့ 1995 ခုနှစ်မှာ လက်ထပ်ပြီး 2003 ခုနှစ်မှာ ကွာရှင်းခဲ့တာပါ။ အိမ်ထောင်ရေး ပြိုကွဲခဲ့ရုံသာမက ကလေးတွေကိုပါ အုပ်ထိန်းခွင့် ဆုံးရှုံးခဲ့တာဖြစ်ပြီး အခုတော့ တစ်ကိုယ်တည်းရပ်တည်နေပါတယ်။

source : hani.co.kr

Share