K Cele တွေရဲ့ ပြင်းထန်တဲ့ Diet နဲ့ ဝိတ်ကျဖို့လျို့ဝှင်ချက်များ

ကိုရီးယားက အနုပညာရှင်တွေအများစုက သွယ်လျတဲ့အချိုးအဆစ်နဲ့ ပိန်ပိန်ပါးပါးအလှကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်အလှဟာ လွယ်လွယ်နဲ့ရခဲ့တာတော့မဟုတ်ပါဘူး။ ဒီလိုပိန်သွယ်လာဖို့ကို ဘယ်လိုကြိုးစားအားထုတ်ခဲ့ရလဲဆိုတာတော့ အောက်မှာဖတ်ကြည့်ပါနော်။

IU
သေးသေးသွယ်သွယ်ကိုယ်လုံးလေးနဲ့ ချစ်စရာကောင်းတဲ့ IU ဟာ အရင်ကပြည့်ဖြိုးတဲ့ကိုယ်လုံးလေးရှိပြီး ဒီလိုခန္ဓာကိုယ်လေးရလာဖို့ မနက်စာကို ပန်းသီးတစ်လုံး နေ့လည်စာကို ကန်စွန်းဥနှစ်လုံး ညစာကို protein shake တစ်ဘူးသာ သောက်ပြီး အပင်ပန်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Park Shin Hye
ကလေးသရုပ်ဆောင်ဘဝတည်းက ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်ခဲ့တဲ့ Park Shin Hye ဟာ ခေါင်းဆောင်မင်းသမီး ဖြစ်လာချိန်မှာတော့ နေ့စဉ် ငှက်ပျောသီး၊ ကြက်ရင်ပုံသား၊ပန်းဂေါ်ဖီစိမ်းနဲ့ အခြားအသီးအရွက်တွေကိုသာစားပြီး အခုလိုသွယ်လျတဲ့ ကိုယ်လုံးလေးရအောင် ကြိုးစားခဲ့တာပါ။

Wendy (Red Velvet)
Wendy ဝိတ်ကျသွားပုံကတော့ ပရိတ်သတ်အားလုံးကို တအံ့တဩဖြစ်စေခဲ့ပါတယ်။ မနက်စာကို ထမင်းနည်းနည်း နေ့လည်စာကိုပန်းသီးတစ်လုံးနဲ့ ဆလတ်ရွက်ရယ် ရွှေဖရုံသီးဖျော်ရည်ရယ်လောက်သာသောက်ပြီး ညစာကိုလုံးဝမစားပဲ တောင့်ခံခဲ့ပြီးနောက်မှာ အလွန်အမင်းဝိတ်ကျသွားခဲ့တာပါ။

Suzy
နာမည်ကျော်မင်းသမီး Suzy ကလဲ အရင်က ပြည့်ပြည့်လေးပါ။ ဒီလိုပိန်ပါးတဲ့ကိုယ်လုံးလေးရဖို့ သူမစားသောက်ခဲ့ရတဲ့ပုံကတော့ မနက်စာအတွက် အဆီထုတ်ထားတဲ့ နွားနို့၊ ကန်စွန်းဥ ကြက်ရင်ပုံသားနဲ့ နေ့လည်စာအတွက် ထမင်းနည်းနည်း၊အရွက်သုတ်တို့ ဖြစ်ပြီး ညစာအတွက်ကိုတော့ ကန်စွန်းဥတစ်လုံးပါတဲ့။

Seolhyun (AOA)
ဒီအဆိုတော်မလေးကတော့ သူမရဲ့ရူးသွပ်စရာ ကောက်ကြောင်းကြောင့်နာမည်ကြီးသူပါ။ အရင်ကဝခဲ့ဖူးသူဖြစ်ပြီး သူမရဲ့ ဝိတ်ချခဲ့ပုံကတော့ တစ်နေ့လုံးနေမှ ကန်စွန်းဥ၊ ကြက်ရင်ပုံသားနဲ့ ကြက်ဥပြုတ် ဒီသုံးမျိုးကိုသာ လှည့်ပတ်ပြီးစားရပါတယ်တဲ့။

Kang Sora
မင်းသမီးချောလေး Kang Sora ကလဲ ဖွံ့ဖွံ့ထွားထွားလေးဖြစ်ပြီး အခုလိုပိန်သွယ်လာဖို့အတွက် မနက်စာကို ဒိန်ချဉ်နဲ့ပန်းသီး၊ နေ့လည်စာကို ထမင်းနဲ့ရွှေဖရုံသီးစွပ်ပြုတ်၊ ညစာကို ကန်စွန်းဥရယ် ဂေါ်ဖီပြုတ်ရယ် ဒိန်ချဉ်အနည်းငယ်သာ စားခဲ့ပါတယ်။

Soyou (Sistar)
သွယ်လျကျစ်လစ်တဲ့ ကိုယ်လုံးကြောင့် မိန်းကလေးအများစု အားကျရတဲ့ Soyou ကတော့ သူမရဲ့လျို့ဝှက်ချက်ဟာ မနက်စာကိုအပြည့်စား၊ နေ့လည်စာကို လျှော့စားပြီး ညစာကိုအနည်းဆုံးစားတာပါတဲ့။ လေ့ကျင့်ခန်းလဲ မှန်မှန်လုပ်တယ်လို့ဆိုပါတယ်။

ပရိတ်သတ်တွေလဲ k cele မမတွေလို လှချင်တယ်ဆိုရင် သူတို့ရဲ့နည်းလမ်းတွေထဲက တချို့ကို ကျန်းမာရေးနဲ့ညီအောင် ပြုပြင်ပြီး လိုက်လုပ်ကြည့်ပါနော်။

Share