Kpop idol တွေ လိုက်နာရတဲ့ တင်းကြပ်တဲ့စည်းကမ်းချက် ၁၀ ချက် (ရုပ်သံ)

အပြိုင်အဆိုင်တွေများတဲ့ kpop လောကမှာ အောင်မြင်လာဖို့ဆိုရင် ရင်းနှီးရတဲ့အရာတွေ အများကြီးရှိတာကိုတော့ ပရိတ်သတ်တိုင်းသိပါတယ်။ သူတို့လိုက်နာရတဲ့ စည်းကမ်းချက်ပေါင်းများစွာထဲမှာမှ မယုံကြည်နိုင်လောက်အောင် တင်းကြပ်တဲ့စည်းကမ်းတွေကတော့….

1. ရည်းစားမထားရဘူး။
Idol ဖြစ်ဖို့လေ့ကျင့်နေရတဲ့အချိန်မှာ ရည်းစားလုံးဝထားလို့မရပါဘူး။ Idol ဖြစ်တဲ့အထိ သုံးနှစ်တာအတွင်း ရည်းစားမထားရဆိုတဲ့ စည်းကမ်းထုတ်ထားတဲ့ အေဂျင်စီတွေလဲရှိပါတယ်။

2. ဆန့်ကျင်ဘက်လိင်နဲ့ ကြာကြာစကားမပြောရဘူး။
ဒီစည်းကမ်းဟာ ဝါရင့် idol တွေလိုက်နာစရာမလိုပေမယ့်​ တက်သစ်စနဲ့ trainee တွေကတော့ မလိုလားအပ်တဲ့ကောလဟာတွေကြောင့်​ နှုတ်ဆက်ရုံပဲ စကားပြောလို့ရပါတယ်တဲ့။

3. သင့်ဖုန်းဟာ အမြဲစစ်ဆေးခံရမယ်။
ဖုန်းကိုင်ခွင့်ဟာ တော်တော်နဲ့မရတတ်သလို ရလာရင်လဲ အဲ့ဒီဖုန်းထဲက မက်ဆေ့တွေ ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကို မန်နေဂျာတွေကအမြဲ စစ်ဆေးပါတယ်။

4. အပြင်စာတွေလုံးဝမစားရဘူး။
လှပသွယ်လျတဲ့ပုံစံကို ထိန်းထားဖို့က kpop idol တွေရဲ့အသက်ပါ။ ဝိတ်တစ်ပေါင်တက်လာတာနဲ့ အပြစ်ပေးခံရတာမို့ အပြင်စာကို ခိုးစားမှသာရပါတယ်တဲ့။

5. မန်နေဂျာနဲ့ အဆက်အသွယ်မပြတ်ရဘူး။
အလုပ်တွေအားလို့ ကိုယ်ပိုင်အချိန်ကို ကုန်ဆုံးနေရင်တောင် ဘယ်နေရာမှာရှိတယ် ဘာလုပ်နေတယ်ဆိုတာ မန်နေဂျာကို အမြဲအစီရင်ခံရပါတယ်။

6. လူများတဲ့နေရာတွေမသွားရဘူး။
နာမည်ကြီးဖို့ ကြိုးစားနေချိန်မှာ အိမ်၊ အဆောင်၊ အေဂျင်စီကလွဲလို့ တခြားလူများတဲ့ ကလပ်လိုနေရာတွေ ဘားတွေကိုသွားခွင့်လုံးဝ မရှိပါဘူး။

7. လူမှုကွန်ယက်ကို ခွင့်ပြုချက်နဲ့သာသုံးရတယ်။
post တစ်ခုဟာ မလိုလားအပ်တဲ့ပြဿနာတွေ များစွာဖြစ်ပေါ်စေတာမို့ idol တွေဟာ SNS မှာပုံတင်ဖို့ကို ကိုယ့်သဘောနဲ့ကိုယ် လုပ်ခွင့်မရှိပါဘူး။

8. ခွင့်ပြုချက်မရှိပဲ ဆံပင်ပုံစံမပြောင်းရဘူး။
ရိုက်ကူးရေးအတွက် လိုအပ်လာရင်တော့ အေဂျင်စီက တစ်လသုံးခါလောက် ဆံပင်ပုံစံပြောင်းပေးပေမယ့် ကိုယ့်သဘောနဲ့ကိုယ်တော့ ပြောင်းခွင့်မရှိပါဘူး။

9. အချိန်ပိုင်းအလုပ်လုပ်လို့မရဘူး။
တချို့အေဂျင်စီတွေကတော့ ခွင့်ပြုပေမယ့် တချို့ကတော့ ဝင်ငွေမရှိသေးတဲ့ trainee တွေကို အချိန်ပိုင်းတောင်ပေးမလုပ်ဘူးလို့ဆိုပါတယ်။

10. စီနီယာတွေကို အရမ်းရိုသေရတယ်။
အာရှယဉ်ကျေးမှုဖြစ်တာကြောင့် trainee တွေနဲ့ တက်သစ်စတွေဟာ နာမည်ကြီးပြီးသား idol တွေကို ရိုရိုကျိုးကျိုးနဲ့ စကားကိုတောင် သတိထားပြောရပါတယ်။

ဒီစည်းကမ်းချက်တွေကိုတော့ idol ဖြစ်ဖို့ လေ့ကျင့်ဖူးတဲ့ Grazy Grace က ပြောပြခဲ့တာပါ။ ပရိတ်သတ်တွေလဲ kpop idol ဖြစ်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ဒီအချက်တွေကို လိုက်နာတတ်အောင် လေ့ကျင့်ထားဖို့တော့ လိုမယ်နော်။

source : GRAZY GRACE’s youtube channel

Share