Ji Chang Wook နှင့် Kim Yoo Jung တို့၏ ဇာတ်လမ်းတွဲသစ်မှ နမူနာ video ထွက်ရှိလာ

Ji Chang Wook နှင့် Kim Yoo Jung တို့ရဲ့ Backstreet Rookie ဆိုတဲ့ဇာတ်လမ်းတွဲအသစ်ဟာ နမူနာဗီဒီယို ထွက်ရှိလာပါတယ်။ ထိုဇာတ်လမ်းတွဲဟာ လူကြိုက်များခဲ့သော webtoon ( ကာတွန်း ) ကိုအခြေခံ၍ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားရှိ စတိုးဆိုင်ပိုင်ရှင် ကောင်လေးနှင့် အချိန်ပို်င်း အလုပ်သမား ကောင်မလေးကြားမှ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

၂၀၁၉တွင် SBS မှထုတ်လွှင့်ခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ The Fiery Priest ကို ရိုက်ကူးထားသည့် ဒါရိုက်တာမှ ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။ နမူနာ videoတွင် Ji Chang wook မှ သူစတိုးဆိုင်တွင် အလုပ်အကိုင် မကောင်းသောကြောင့် အိပ်ပျော်နေချိန် Kim Yoo Jung က တက်တက်ကြွကြွ အချိန်ပိုင်းအလုပ်သမား ပုံစံလေးဖြင့် ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲကိုတော့ ဇွန်လ ၁၂ ရက်နေ့တွင် စတင်ထုတ်လွှင့်မည်ဟု ဆိုပါသည်။ ပထမဆုံး ဇာတ်လမ်းတွဲ နမူနာvideo ကိုလည်း ပရိတ်သတ်များက စိတ်ဝင်စားနေကြပါသည်။ ၂၀၂၀ တွင် ပရိတ်သတ်များကြိုက်နိုင်တဲ့ အချစ်ဟာသ ဇာတ်မြူးလေးတစ်ကား ဖြစ်လာနိုင်တယ်လို့လည်း ခန်းမှန်းထားကြပါတယ်။

ပရိတ်သတ်ကြီးလည်း သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းတွဲကို စိတ်ဝင်စားလျှင်တော့ Myanmar Cele Bar Page မှာကြည့်ရှု့နိုင်ပါတယ်ရှင့်။ Myanmar Cele Bar Page နဲ့ news-bar.com ၀က်ဆိုက်တို့တွင်လည်း ကိုရီးယားဆယ်လီများအကြောင်းကို ဘာသာပြန်တင်ဆက်ပေးနေတာမို့ လာရောက်ကြည့်ရှု့ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင့်။

Source: Soompi

Share