Park Seo Jun နှင့် IU တို့၏ရုပ်ရှင်အသစ်ကို ယနေ့ စတင်ရိုက်ကူးပီ

မကြာသေးခင်က ကျွန်မတို့၏ Myanmar Cele Bar page မှ Park Seo Jun နှင့် IU တို့ရိုက်ကူးမည့် Dream ရုပ်ရှင်အကြောင်းကို Page ၏ စာမျက်နှာပေါ်တွင် တင်ထားပါသေးသည်။ ယခုအဆိုပါရုပ်ရှင်သည် စတင်ရိုက်ကူးနေပါပီ။ Dream ရုပ်ရှင်ဇာတ်ကားကို တောင်ကိုရီးယားနိုင်ငံတွင် လုပ်ကြိုက်များသော ဝင်ငွေကောင်းခဲ့သော Extreme Job ရုပ်ရှင်ကားအား ရိုက်ကူးခဲ့သည့် Director Lee Byung Hyiun မှ ဦးဆောင်ရိုက်ကူးမှာပဲဖစ်ပါသည်။

Sport ဦးစားပေး ရုပ်ရှင်ကားဖြစ်ပီး ဇာတ်လမ်းထဲတွင် ဘောလုံးအသင်းတစ်သင်းဟာ တောင်ကိုရီးယားတွင် နှစ်စဉ်ကျင်းပသော The Homeless World Cup ဖလားကို ရရှိအောင် ကြိုးစားကြမည့် ဇာတ်အိမ်မျိုး ဖြစ်ပါတယ်။ Park Seo Jun ကတော့ Yoon Hong Dae ဇာတ်ကောင်နေရာမှ သရုပ်ဆောင်မည် ဖြစ်ပါသည်။ Yoon Hong Dae ဟာ တချိန်က လူသိများခဲ့သော ဘောလုံးသမား ဖြစ်ခဲ့သော်လည်း အကြောင်းတစ်ခုကြောင့် ကစားသမား ဘဝကို ရပ်တန့်လိုက်ရပါသည်။

သူဟာ A thrown- together အသင်းရဲ့ ဘောလုံးနည်းပြ ဖြစ်လာခဲ့ပီး အချိန်တခုကြာသောအခါ အသင်းသားတွေမှ လေးစားချစ်ခင်ရသော ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်လာသည့် ဇာတ်ရုပ်မျိုး ဖြစ်ပါသည်။ IU ကတော့ lee So Min ဆိုတဲ့ဇာတ်ကောင် နေရာမှ ပါဝင်မည်ဖြစ်သည်။ သူမဟာ documentary တွေကို ရိုက်ကူးပီး ထုတ်လွှင့်တဲ့ producer တစ်ဦးပဲ ဖြစ်ပါတယ်။

သူမရဲ့ အိမ်မက်ကတော့ Yoon Hong Dae ( Park Seo Jun) တို့ဘောလုံးအသင်းရဲ့ အောင်မြင်မှုလမ်းကြောင်းရှိ စိန်ခေါ်မှုများ အခက်အခဲများကို Documentary လုပ်ပီး ပရိတ်သတ်သတ်များထံ ချပြချင်တဲ့ သွက်သွက်လက်လက် ကောင်းမလေး တစ်ဦးလည်း ဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်။

ယခုတွင် Dream ရုပ်ရှင်ဟာ သူတို့ရဲ့ ဇာတ်ညွှန်းဖတ်ခြင်း ကိုစတင်၍ ရုပ်ရှင်ရိုက်ကူးတော့မည်ဖြစ်ကြောင်းကို ကြေငြာလိုက်ပါသည်။Park Seo Jun ကလည်း ” ကျွန်တော်ဟာ Hong Dae နေရာမှာ သရုပ်ဆောင်ဖို့အတွက် အရမ်းစိတ်လှုပ်ရှားနေပါပီ။ ကောင်းမွန်တဲ့ ရှပ်ရှင်တစ်ခု ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားပါမည် ” ဟုဆိုသည်။

IU ကလည်း ” ဒီလို ရုပ်ရှင်ကြီး ရိုက်တာကကျွန်မအတွက် ပထမဆုံးပါ။ အရမ်းလည်း စိတ်လှုပ်ရှားနေပီး တဖက်မှာလည်း တာဝန်ယူမှု တာဝန်ခံမှု ကြီးမားတယ်လို့ ကျွန်မထင်ပါတယ် ” လို့ပြောကြားခဲ့ပါသည်။ Dream ရုပ်ရှင်ဟာ ၂၀၂၁ တွင် ထုတ်လွှင့်နိုင်မည်ဟု ပြောထားပါသည်။


Source: Park Seo Jun Philippines( Fan Page )

Share