နာမည်ကျော်ဇာတ်လမ်းတွဲတိုင်းမှာ ပါဝင်လေ့ရှိတဲ့ ပရိတ်သတ်အချစ်တော် ဇာတ်ပို့များ

ကိုရီးယားရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ဇာတ်ညွှန်းနဲ့ မင်းသားမင်းသမီးတွေကြောင့်လို့ဆိုရင် ဒီဇာတ်လမ်းကို ရသစုံနဲ့ ငိုရရယ်ရအောင် သရုပ်ဆောင်ပေးတဲ့ ဇာတ်ပို့ဇာတ်ရံတွေကိုလဲ မေ့ထားလို့မရပါဘူး။ ပရိတ်သတ်အချစ်ဆုံး ဇာတ်ပို့ဇာတ်ရံတွေကတော့…

Kim Mi Kyung
အဓိကဇာတ်ဆောင်ရဲ့ အမေနေရာမှာပါဝင်လေ့ရှိတဲ့ ဒီမင်းသမီးကြီးကတော့ စကားတစ်ခွန်းနဲ့ ရယ်ရအောင် ငိုရအောင် သရုပ်ဆောင်နိုင်စွမ်းရှိသူပါ။ တဗျစ်တောက်တောက်ပြောပြီး ဂရုစိုက်တတ်တဲ့ ကာရိုက်တာဟာ သူမနဲအလိုက်ဖက်ဆုံးပါ။

Kang Ki Young
ဇာတ်လမ်းတွဲတစ်ခုမှာ သူပါလာပြီဆို ရယ်ရဖို့သေချာပါပြီ။ ခပ်တည်တည်နဲ့ ရယ်စရာတွေလုပ်တတ်တဲ့ မင်းသားရဲ့ သူငယ်ချင်းနေရာမှာ သရုပ်ဆောင်တာများပါတယ်။ ကေဒရမ်မာချစ်သူတိုင်း ရင်းနှီးနေတဲ့ မျက်နှာပိုင်ရှင်ပါ။

Jang Hyun Sang
အောင်မြင်တဲ့စီးရီးတိုင်းမှာပါဝင်ပြီး သမာသမတ်ရှိတဲ့ အထက်လူကြီးနေရာမှာသာ သရုပ်ဆောင်တတ်ပြီး ဗီလိန်ဇာတ်ရုပ်နဲ့ မြင်ရတာနည်းပါတယ်။ ဗီလိန်နေရာမှာ သရုပ်ဆောင်ပြီဆိုရင်လဲ ပီပြင်လွန်းပါတယ်။

Sung Dong Il
ကေဒရမ်မာဖခင်ကြီးဖြစ်ပြီး သူ့ကိုအဖေမတော်ဖူးတဲ့ မင်းသားမင်းသမီးဆိုတာ မရှိသလောက်ပါပဲ။ အပြင်ပန်းက ပွစိပွစိပြောပြီး မိသားစုကိုစောင့်ရှောက်တတ်တဲ့ ဖခင်ကောင်း ကာရိုက်တာနဲ့ အထူးလိုက်ဖက်ပါတယ်။

Nam Da Reum
ဇာတ်ဆောင်မင်းသားရဲ့ ငယ်ဘဝနေရာမှာ အမြဲတွေ့ရပါတယ်။ အေးဆေးနေတတ်ပြီး ရုပ်ချောတဲ့မင်းသားတွေရဲ့ ဘဝကိုနောက်ကြောင်းပြန်ပြီဆို ဒီကောင်လေးကအမြဲပေါ်လာတတ်တာ သတိထားမိကြမှာပါနော်။

Um Hyo Seob
အဓိကဇာတ်ဆောင်ကို အခက်ကြုံအောင်လုပ်ပြီး ဇာတ်ရှိန်မြင့်ပေးတတ်ပါတယ်။ ရာထူးကြီးကြီးနဲ့ အကျင့်ပျက်ခြစားတဲ့ ဇာတ်ရုပ်တွေ သရုပ်ဆောင်လေ့ရှိပြီး ဗီလိန်လောကရဲ့ ဘုရင်တစ်ဆူပါ။

Hwang Bora
ရှပ်တီးရှပ်ပြာနဲ့ ဇာတ်လမ်းကို မြူးကြွလာအောင် ဖန်တီးပေးသူပါ။ သွက်လက်တဲ့သရုပ်ဆောင်မှု တစ်မူထူးခြားတဲ့ ဝတ်စားပြင်ဆင်ပုံနဲ့ ပရိတ်သတ်တွေကို အမြဲပျော်ရွှင်စေတဲ့ သရုပ်ဆောင်တစ်ဦးပါ။

ပရိတ်သတ်တွေရော ဒီသရုပ်ဆောင်တွေထဲမှာ ဘယ်သူပါတဲ့ဇာတ်လမ်းတွဲကို အများဆုံးကြည့်ဖူးလဲဆိုတာနဲ့အမှတ်တရဖြစ်စေတဲ့အချက်လေးတွေကို မှတ်ချက်လေးတွေ ရေးသွားပေးပါဦးနော်။

source: koreaboo

Share