Love O2O drama မှ မင်းသား Yang Yang နှင့် မင်းသမီး Zheng Shuang တို့ကို ဇာတ်လမ်းတွဲအသစ်တွင် အတူတူပြန်လည်ပါဝင်နို်င်သည်

သတင်းအတိအကျတော့ မရသေးပင်မဲ့ ယခုရိုက်ကူးတော့မည့် ဝထ္ထုကိုအခြေခံထားတဲ့ Zhu Yan ဆိုတဲ့ ဇာတ်လမ်းတွဲတွင် Love O2Oမှ Casts များပြန်လာပါဝင်နိုင်သည်ဟု ပရိတ်သတ်များက ထင်နေကြသည်။ Love O2O ဆိုတာဟာ တရုတ်နိုင်ငံတွင် အောင်မြင်ဆုံး တက္ကသိုလ်အချစ်ဇာတ်လမ်းတွဲ တခုပင်ဖြစ်ပါသည်။

Love O2O မှပါဝင်ခဲ့တဲ့ မင်းသား Yang Yang နှင့် မင်းသမီး Zheng Shuang တို့ကိုလည်း ပရိတ်သတ်များက အပြင်မှာ တကယ်တွဲစေချင်သည်အထိကို လိုက်ဖက်စွာ သရုပ်ဆောင်နိုင်ခဲ့ကြပါသည်။ Zhu Yan ဆိုတဲ့ဝထ္ထုကို ကျန်ခဲ့သောလတွင် ရုပ်ရှင်ဇာတ်လမ်းတွဲ အဖြစ်အသက်သွင်းမည်ဟု ကြေငြာခဲ့ပါသည်။

ဝထ္ထုတွင် မင်းသမီး Zhu Yan ဟာ လက်ထပ်ပေးစားခြင်းကို မနာခံလိုသောကြောင့် သူမ၏တိုင်းပြည်ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ပါသည်။ ထို့နောက် သိုင်းလောကတွင် ဆရာတစ်ဆူဖြစ်သော Shi Ying နှင်ဆုံတွေ့ခဲ့ပါတယ်။ ထွက်ပြေးတိမ်းရှောင်လာတဲ့ မင်းသမီးလေး Zhu Yan နှင့် သိုင်းလောကသား Shi Ying တို့၏ အချစ်ဇာတ်လမ်းပဲ ဖြစ်ပါသည်။

မည်သည့်သရုပ်ဆောင်များ ပါဝင်မည်ကိုတော့ တရားဝင်မကြေငြာရသေးသော်လည်း ခေါင်းဆောင် မင်းသား နှင့် မင်းသမီးကတော့ အောင်မြင်ဆုံးအတွဲတွေက ဖြစ်တယ်လို့ ဆိုခဲ့ပါသည်။ ထို့ကြောင့် ပရိတ်သတ်များက Yang Yang နှင့် Zheng Shuang လို့ မှန်းကြေးပေးနေကြခြင်းပဲ ဖြစ်ပါတယ်။

ပရိတ်သတ် အများစု က Yang Yang နှင် Zheng Shuang ကို နောက်ထပ်ဇာတ်လမ်းတွဲ တစ်ခုတွင် တူတူမြင်ချင်နေကြပီပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ကောင်းမှု လိုက်ဖက်မှုကို အရမ်းအောက်မေ့နေကြတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကို လွမ်းနေမဲ့ ပရိတ်သတ်များအတွက် ကျွန်မတို့ Myanmar Cele Bar မှ Love O2O မှ MV အား အောက်တွင် ထည့်သွင်းပေးလိုက်ပါတယ်။

Source..hotpot tv

Share