စစ်မှုထမ်းတာဝန်ပြီးကတည်းက ဇာတ်ကားသစ်ရိုက်ကူးမှုမရှိသေးတဲ့ မင်းသား Kim Soo Hyun ဟာ tvN ရုပ်သံဇာတ်လမ်းတွဲ “Psycho But It’s Okay” ကိုရိုက်ကူးဖို ့မေလ ၈ ရက်နေ့မှာ ဇာတ်ညွှန်းဖတ်ပြင်ဆင်နေပါပြီ။ ဇာတ်လမ်းတွဲကတော့ အလုပ်မအားကြတဲ့ စိတ်ကျန်းမာရေးဌာနက ကျန်းမာရေးဝန်ထမ်းတစ်ဦးနဲ့ စာရေးဆရာတို့ကြားက အချစ်ဇာတ်လမ်းလေးဖြစ်ပြီး မင်းသား Kim Soo Hyun နဲ့အတူ မင်းသမီး Seo Ye Ji ကအတူ တွဲဖက်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဇာတ်ညွှန်းဖတ်ပြီး ပြင်ဆင်နေချိန်မှာတင်မင်းသမီးရော မင်းသားရောက ကာရိုက်တာပေါ်စိတ်နှစ်ထားကြပါတယ်။ Kim Soo Hyun က မိဘတွေဆုံးပါးသွားပြီး မိသားစုတာဝန်ကိုယူနေရတဲ့ Moon Kang Tae အဖြစ်၊ Seo Ye Ji ကတော့ စိတ်ကျန်းမာရေးပြဿနာခံစားနေရတဲ့ အောင်မြင်တဲ့ ကလေးပုံပြင် စာရေးဆရာအဖြစ် သရုပ်ဆောင်သွားမှာပါ။
ဒီစီးရီးကိုေတာ့ လက်ရှိ tvN မှာပြသနေတဲ့ When My Love Blooms ဇာတ်လမ်းတွဲအပြီး ဂျွန်လမှာ ထုတ်လွှင့်ပြသသွားမှာပါ။ Kim Soo Hyun ဟာ အနုပညာကြေးအမြင့်ဆုံး မင်းသားတွေထဲကတစ်ယောက်ဖြစ်သလို ဇာတ်ကားရိုက်ကူးမှုလဲ ကျဲတာကြောင့် ပရိတ်သတ်တွေကတော့ ရင်ခုန်နေကြပါပြီ။ မှတ်ချက်လေးတွေလည်းပေးခဲ့ပါဦးနော်…။
source: soompi