အတ္တများကြားတွင် နာကျင်မှုများ ခံစားနေရတဲ့ The world of the married ဇာတ်လမ်းတွဲမှ သားဖြစ်သူဇာတ်ကောင် Lee Joon Young

The world of the married ဇာတ်လမ်းတွဲ၏ အပိုင်း ၁၃ ထုတ်လွှင့်မှု အပီးတွင် ပရိတ်သတ်များသည် Lee Joon Young ဆိုတဲ့ ဇာတ်ကောင်အတွက် အရမ်းစိတ်မကောင်း ဖြစ်နေကြသည်။ အပြင်လောကရှိ ကလေးငယ်တစ်ဦးဦးသာ Lee Joon Young လိုဖြစ်ရပ်မျိုး ကြုံ့တွေ့ခဲ့ပါက စိတ်ဒဏ်ရာကြီးကြီး ရရုံမျှမက ကုယ့်ကိုယ်ကိုပင် အဆုံးစီရင်နိုင်သည်ဟု ထင်ကြသည်။

Lee Joon Young ဟာ မိဘနှစ်ဦး ချစ်ခင်ကြည်ဖြူနေစဉ် အခိုက်အတန့်ကိုလည်း မြင်ခဲ့ဘူးသည်။ ထိုအချိန်က သူတို့မိသားစု လေးမှာသာယာနေသည်။ နောက်ပိုင်း သူ၏အဖေနှင့် အမျိုးသမီးတစ်ဦး ဖောက်ပြန်နေသည်ကိုလည်း ကိုယ်တိုင်မြင်တွေ့လိုက်ရသည်။ ထိုအချိန်တွင် Lee Joon Young ၏ကမ္ဘာလေးပြိုခဲ့မည်မှာ အမှန်ပင်ဖြစ်သည်။

ထို့နောက် Lee Joon Young ဟာ သူ့၏အမေနှင့် အဆင်မပြေမှုတွေ ဆက်လက်ရှိခဲ့သည်။ သူ့စိတ်ထဲတွင် အမေဟာသူ့ကို ဖောက်ပြန်နေတဲ့သူ့အဖေလောက် ဂရုမစိုက်ဖူး ဟုသူထင်နေမိသည်။ ထိုအချိန်များတွင် ပရိတ်သတ်များက Lee Joon Young ကို မုန်းတီးမိကြသေးသည်။ မိခင်ဘက်မှာရှိမနေဘဲ ဖောက်ပြန်တဲ့အဖေကို အလေးသာနေသောကြောင့် ဖြစ်သည်။

ထို့နော် lee Joon Young ဟာ သူအဖေကြောင့် သွေးအိုင်ထဲတွင် သေလူမျောပါးဖြစ်နေသော မိခင်၏ ဖြစ်ရပ်ကိုလည်း ကိုယ်တိုင် မြင်တွေ့ခဲ့ရ ပြန်သေးသည်။ ဖခင်အိမ်လိုက်နေသောအခါတွင်လည်း မိထွေး၏ အမြင်မကြည်သော အမှုအရာများကို သတိထားမိလာရသည်။ ဒါကြောင့်သူဟာ သူ့အဖေရဲ့ မိသားစုဝင်သစ်တွေနဲ့ အတူတူနေထိုင်၍ မရနိုင်တော့မှန်း အမြင်မှန်ရခဲ့ပီး မိခင်ဆီသို့ ပြန်လာခဲ့သည်။

ပြန်လာသောအချိန်တွင်တော့ သူ၏မိခင်က နောက်ထပ် အမျိုးသားတစ်ဦးနှင့် ဖောက်ပြန်နေသည်ကို မြင်ခဲ့ရသည်။ ထိုသူမှာ တခြားသူမဟုတ် သူ၏မိခင်နှင့် ကွာရှင်းပီးသား၊ တခြားမိန်းတစ်ယောက်နှင့် ကလေးပင် ရနေသော သူ့အဖေပင် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ The world of the married ဇာတ်လမ်းတွဲတွင် စိတ်ဒဏ်ရာ အရနိုင်ဆုံးသူကိုပြောပါဆိုလျှင်တော့ Lee Joon Young ပင် ဖြစ်ပါမည်။

မိဘများ၏ အတ္တ၊ တဏှာယာဂ၊ လောဘ၊ ကိုယ်ကျင့်တရား ဖောက်ပြန်မှုကြားတွင် ပဲလှော်ကြား ဆားငြပ်ဖြစ်နေသလိုပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း Lee Joon Young ဇာတ်ကောင် အတွက်တခုခုကို ပြောခဲ့ပေးပါဦးနော်။

Source: Koreaboo

Share