BTS အဖွဲ့၏ DNA သီချင်းဟာ You Tube မှာမည်သည့်ကိုရီးယားယောက်ကျ်ားလေးအဆိုတော်အဖွဲ့မှ မရဖူးသေးသည့် 1 Billion views ကိုရရှိခဲ့

ဇွန်လ ၁ ရက်နေ့ ကိုရီးယားစံတော်ချိန် 2.19 am တွင် BTS အဖွဲ့၏ DNA သီချင်းဟာ 1 Billion ကြည့်ရှုသူကို ရရှိခဲ့ပါတယ်။ ဒါဟာသမိုင်းတလျှောက် မည်သည့် တောင်ကိုရီးယား boy band မှမရရှိဖူးသေးသည့် ရလဒ်တခုပဲ ဖြစ်ပါတယ်။ DNA သီချင်းဟာ ၂၀၁ရခုနှစ်၊ စက်တင်ဘာလ ၁၈ရက်နေ့တွင် You Tube ပေါ်သို့ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ နှနှစ်ကျော်ကြာပြီးတော့ ကြည့်ရှုသူ 1 Billion ကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ထိုကဲ့သို့ 1 Billion ကျော်ခဲ့ဖူးသည့် တောင်ကိုရီးယား အဆိုတော်များတွင် PSY နှင့် Blackpink လည်းပါဝင်ပါသည်။ PSY ဟာ ” Gangnam style” သီချင်းဖြင့် 3.6 Billion views၊ ” Gentleman ” သီချင်းဖြင့် 1.3 B ရရှိထားပါတယ်။ Blackipink ကတော့ Du Du Du Du သီချင်းဖြင့် 1.1 B ရရှိထားပါတယ် ။ ယခုဆိုလျှင်တော့ BTS အဖွဲ့မှာ ကိုရီးယား boy band တစ်ခုအနေနဲ့ နောက်ထပ်စံချိန်သစ်ချိုးလိုက်ပါပီ။

BTS အဖွဲ့ဟာ သူတို့၏ တင်ဆက်ပုံဆန်းသစ်မှု၊ လိုက်ကရန်ပင်ခက်ခဲလှသော ကကွက်များ၊ အသံပါဝါကောင်းမှု စသည်တို့ကြောင် နိုင်ငံတကာတွင် အောင်မြင်မှုများကို ဆက်လက်ရရှိနေတာပဲဖြစ်ပါတယ်။ ဇွန်လ ၆ ရက်နေ့တွင် You Tube မှပြုလုပ်မည့် Virtual Graduation Ceremony( ၂၀၂ဝတွင်ဘွဲ့ရမည့်သူများအတွက် ပြုလုပ်ပေးမည့်အစီအစဉ်) အမေရိကန်သမ္မတ Obama နှင့် အခြားနာမည်ကြီးအဆိုတော်များနှင့်အတူ ဖိတ်ကြားခြင်းခံထားရတာလည်း ဖြစ်ပါတယ်။

DNA သီချင်းဖြင့် 1 Billion view ရခဲ့သော BTS အဖွဲ့သားများအားလုံးအတွက် ဂုဏ်ယူမဆုံး ဖြစ်မိပါတယ်။ နောက်ထပ် ဆက်လျှောက်လမ်းမည့် အနပညာခရီးလမ်းတွင်လည်း အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

  • (Zawgyi) BTS အဖွဲ့၏ DNA သီချင်းဟာ You Tube မှာမည်သည့်ကိုရီးယားယောက်က်ျားလေးအဆိုတော်အဖွဲ့မှ မရဖူးသေးသည့် 1 Billion views ကိုရရှိခဲ့





Source: Soompi

Share