‘Black Lives Matter’ လှုပ်ရှားမှုအတွက် $7000 လှူဒါန်းခဲ့တဲ့ GOT7 အဖွဲ့ဝင် Mark

မကြာသေးမီက အမေရိကန်နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ပြီး သတ်ဖြတ်ခံခဲ့ရတဲ့ George Floyd ရဲ့ တရားမျှတမှုအတွက် လှုပ်ရှားခဲ့တဲ့ ‘Black Lives Matter’ ဆိုတဲ့ လှုပ်ရှားမှုအတွက် GOT7 အဖွဲ့ဝင်ဖြစ်သူ Mark ဟာ ဒေါ်လာ ၇၀၀၀ ကျော်ကို လှူဒါန်းမှုပြုခဲ့တယ်လို့သိရပါတယ်။

Mark ဟာ သူငွေကြေးလှူဒါန်းခဲ့တဲ့အတွက် ရရှိတဲ့ပြန်ကြားစာကို twitter မှာ ‘အားတင်းထားပါ၊ ဘေးကင်းအောင်နေကြပါ’ ဆိုတဲ့စာလေးနဲ့အတူ မေလ ၃၁ ရက်နေ့မှာ တင်ခဲ့တာဖြစ်ပြီး သူ့ရဲ့စေတနာနဲ့ ရက်ရောမှုကို ပရိတ်သတ်တွေက ချီးကျူးနေကြပါတယ်။

Mark ဟာ ဒီ movement အတွက် ထည့်ဝင်ကူညီခဲ့တဲ့ တစ်ဦးတည်းသော kpop idol တော့ မဟုတ်ပါဘူး။သူ့လိုပဲ Jay Park, Crush နဲ့ Day6 အဖွဲ့ဝင် Jae တို့ကလဲ အားတက်သရော လှူဒါန်းထားကြပါတယ်။

အနေအေးပေမယ့် သူတစ်ပါးရဲ့မတရားမှုကိုတွေ့ရင် အမြဲကူညီတတ်တဲ့ စိတ်ထားကောင်းတဲ့ Mark တစ်ယောက် ဘဝမှာအောင်မြင်မှုတွေအမြဲရရှိပြီး ဒီလိုအမြဲလှူနိုင်ပါစေလို့ Myanmar Cele Bar အဖွဲ့သားများက ဆုတောင်းပေးလိုက်ပါတယ်။

  • (Zawgyi) ‘Black Lives Matter’ လႈပ္ရွားမႈအတြက္ $7000 လႉဒါန္းခဲ့တဲ့ GOT7 အဖြဲ႕ဝင္ Mark

မၾကာေသးမီက အေမရိကန္နိုင္ငံမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္ၿပီး သတ္ျဖတ္ခံခဲ့ရတဲ့ George Floyd ရဲ့ တရားမၽွတမႈအတြက္ လႈပ္ရွားခဲ့တဲ့ ‘Black Lives Matter’ ဆိုတဲ့ လႈပ္ရွားမႈအတြက္ GOT7 အဖြဲ႕ဝင္ျဖစ္သူ Mark ဟာ ေဒၚလာ ၇၀၀၀ ေက်ာ္ကို လႉဒါန္းမႈျပဳခဲ့တယ္လို႔သိရပါတယ္။

Mark ဟာ သူေငြေၾကးလႉဒါန္းခဲ့တဲ့အတြက္ ရရွိတဲ့ျပန္ၾကားစာကို twitter မွာ ‘အားတင္းထားပါ၊ ေဘးကင္းေအာင္ေနၾကပါ’ ဆိုတဲ့စာေလးနဲ႔အတူ ေမလ ၃၁ ရက္ေန႔မွာ တင္ခဲ့တာျဖစ္ၿပီး သူ႔ရဲ့ေစတနာနဲ႔ ရက္ေရာမႈကို ပရိတ္သတ္ေတြက ခ်ီးက်ဴးေနၾကပါတယ္။

Mark ဟာ ဒီ movement အတြက္ ထည့္ဝင္ကူညီခဲ့တဲ့ တစ္ဦးတည္းေသာ kpop idol ေတာ့ မဟုတ္ပါဘူး။သူ႔လိုပဲ Jay Park, Crush နဲ႔ Day6 အဖြဲ႕ဝင္ Jae တို႔ကလဲ အားတက္သေရာ လႉဒါန္းထားၾကပါတယ္။

အေနေအးေပမယ့္ သူတစ္ပါးရဲ့မတရားမႈကိုေတြ႕ရင္ အျမဲကူညီတတ္တဲ့ စိတ္ထားေကာင္းတဲ့ Mark တစ္ေယာက္ ဘဝမွာေအာင္ျမင္မႈေတြအျမဲရရွိၿပီး ဒီလိုအျမဲလႉနိုင္ပါေစလို႔ Myanmar Cele Bar အဖြဲ႕သားမ်ားက ဆုေတာင္းေပးလိုက္ပါတယ္။

source: koreaboo

Share