IU နှင့် Park Seo Joon တို့၏ Dream ရုပ်ရှင်ရိုက်ကွင်းကို Food truck ပို့ပေးခဲ့တဲ့ မင်းသား Kim Soo Hyun

တောင်ကိုရီးယားနိုင်ငံတွင် အနုပညာရှင်များက တဦးနှင့်တဦးခင်မင်ရင်နှီးလို့ပဲဖြစ်စေ၊ အားပေးချင်လို့ပင်ဖြစ်စေ ထိုသူအလုပ်လုပ်နေသည့်နေရာကို Coffee truck၊ food truck တို့ကိုပို့၍ အားပေးလေ့ရှိပါတယ်။ မေလ ၂၇ ရက်နေ့တွင် မင်းသား Kim Soo Hyun ဟာ Dream ရုပ်ရှင်ရိုက်ကူးနေသည့် IU နှင့် Park Seo Joon တို့အတွက် Food truck ပေးပို့ကာ အားပေးခဲ့ပါတယ်။

Food truck တွင်လည်း အားပေးစာလေးလည်း ထည့်သွင်းခဲ့ပါသေးသည်။ ” ဒါရိုက်တာ Lee Byung Hyun x Park Seo Joon x Lee Ji Eun x Lee Hyun Woo နှင့် Dream ရုပ်ရှင့်အဖွဲ့သားအားလုံး Fighting ” ဆိုပီး ဗီနိုင်းတစ်ခုပါ ထည့်သွင်းပေးလိုက်ပါတယ်။

Dream ရုပ်ရှင်ဟာ Yoon Hongdae (Park Seo Joon) လို့ခေါ်တဲ့ ဘောလုံးကစားသမားတစ်ယောက်ရဲ့ ဘဝကို အသားပေးရိုက်ကူးထားပါတယ်။ ဘောလုံးလောကကို အကြောင်းတစ်ခုခုကြောင့် ကျောခိုင်းခဲ့ရပီး ရလဒ်အခြေအနေမကောင်းသော Dream ဆိုသည့်ဘောလုံးအသင်း၏ နည်းပြဖြစ်လာခဲ့တယ်။

ထိုနောက်ပိုင်းတွင်မှ ကစားသမားနှင့်နည်းပြကြားမှ ဆက်ဆံရေး၊ဦးဆောင်မှု၊ ညီညွတ်မှုတို့ကို ပေါ်လွင်အောင်ရိုက်မည်ဖြစ်ပီး နောက်ဆုံးတွင် အညံဆုံးအသင်းမှ ချန်ပီယံအသင်းတစ်ခု ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ IU ကတော့ Dream အသင်းရဲ့ ခရီးအစအဆုံးကို ပါဝင်လိုက်ပါရမည့် documentary producer တစ်ဦးအဖြစ် ပါဝင်ထားပါတယ်။

Dream ရုပ်ရှင်၏ ရိုက်ကွင်းကို Food truck ပို့ပေးခဲ့သော မင်းသား Kim Soo Hyun နှင့် IU တို့မှာ အလွန်ခင်မင်းရီးနှီးကြသော မိတ်ဆွေများဖြစ်ပါတယ်။ IU နှင့် Kim Soo Hyun တို့ဟာ Dream High Season 1 နှင့် The Producers စသည့်ဇာတ်လမ်းတွဲများတွင် အလုပ်တူတူ လုပ်ခဲ့ဖူးပါတယ်။ Hotel Del Luna ဆို့သည့် IU ၏ဇာတ်လမ်းတွဲတွင်လည်း Kim Soo Hyun က ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ကူညီပေးဖူးပါတယ်။

Dream ရုပ်ရှင်ကိုတော့ ၂၀၂၁ခုနှစ်တွင် ပရိတ်သတ်ထံသို့ ပြသနိုင်မည်ဟု ခန့်မှန်းထားပါတယ်။ တဖက်တွင်လည်း Kim Soo Hyun ၏ ဇာတ်လမ်းတွဲအသစ် It’s okay to Not be Okay ဟာဆိုရင်လည်း ဇွန်လ ၂ဝရက်နေ့တွင် ထုတ်လွှင့်တော့မှာပဲ ဖြစ်ပါတယ်။

  • (Zawgyi) IU ႏွင့္ Park Seo Joon တို႔၏ Dream ႐ုပ္ရွင္ရိုက္ကြင္းကို Food truck ပို႔ေပးခဲ့တဲ့ မင္းသား Kim Soo Hyun

ေတာင္ကိုရီးယားနိုင္ငံတြင္ အႏုပညာရွင္မ်ားက တဦးႏွင့္တဦးခင္မင္ရင္ႏွီးလို႔ပဲျဖစ္ေစ၊ အားေပးခ်င္လို႔ပင္ျဖစ္ေစ ထိုသူအလုပ္လုပ္ေနသည့္ေနရာကို Coffee truck၊ food truck တို႔ကိုပို႔၍ အားေပးေလ့ရွိပါတယ္။ ေမလ ၂၇ ရက္ေန႔တြင္ မင္းသား Kim Soo Hyun ဟာ Dream ႐ုပ္ရွင္ရိုက္ကူးေနသည့္ IU ႏွင့္ Park Seo Joon တို႔အတြက္ Food truck ေပးပို႔ကာ အားေပးခဲ့ပါတယ္။

Food truck တြင္လည္း အားေပးစာေလးလည္း ထည့္သြင္းခဲ့ပါေသးသည္။ ” ဒါရိုက္တာ Lee Byung Hyun x Park Seo Joon x Lee Ji Eun x Lee Hyun Woo ႏွင့္ Dream ႐ုပ္ရွင့္အဖြဲ႕သားအားလုံး Fighting ” ဆိုပီး ဗီနိုင္းတစ္ခုပါ ထည့္သြင္းေပးလိုက္ပါတယ္။

Dream ႐ုပ္ရွင္ဟာ Yoon Hongdae (Park Seo Joon) လို႔ေခၚတဲ့ ေဘာလုံးကစားသမားတစ္ေယာက္ရဲ့ ဘဝကို အသားေပးရိုက္ကူးထားပါတယ္။ ေဘာလုံးေလာကကို အေၾကာင္းတစ္ခုခုေၾကာင့္ ေက်ာခိုင္းခဲ့ရပီး ရလဒ္အေျခအေနမေကာင္းေသာ Dream ဆိုသည့္ေဘာလုံးအသင္း၏ နည္းျပျဖစ္လာခဲ့တယ္။

ထိုေနာက္ပိုင္းတြင္မွ ကစားသမားႏွင့္နည္းျပၾကားမွ ဆက္ဆံေရး၊ဦးေဆာင္မႈ၊ ညီညြတ္မႈတို႔ကို ေပၚလြင္ေအာင္ရိုက္မည္ျဖစ္ပီး ေနာက္ဆုံးတြင္ အညံဆုံးအသင္းမွ ခ်န္ပီယံအသင္းတစ္ခု ျဖစ္လာမွာပဲ ျဖစ္ပါတယ္။ IU ကေတာ့ Dream အသင္းရဲ့ ခရီးအစအဆုံးကို ပါဝင္လိုက္ပါရမည့္ documentary producer တစ္ဦးအျဖစ္ ပါဝင္ထားပါတယ္။

Dream ႐ုပ္ရွင္၏ ရိုက္ကြင္းကို Food truck ပို႔ေပးခဲ့ေသာ မင္းသား Kim Soo Hyun ႏွင့္ IU တို႔မွာ အလြန္ခင္မင္းရီးႏွီးၾကေသာ မိတ္ေဆြမ်ားျဖစ္ပါတယ္။ IU ႏွင့္ Kim Soo Hyun တို႔ဟာ Dream High Season 1 ႏွင့္ The Producers စသည့္ဇာတ္လမ္းတြဲမ်ားတြင္ အလုပ္တူတူ လုပ္ခဲ့ဖူးပါတယ္။ Hotel Del Luna ဆို႔သည့္ IU ၏ဇာတ္လမ္းတြဲတြင္လည္း Kim Soo Hyun က ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ပါဝင္ကူညီေပးဖူးပါတယ္။

Dream ႐ုပ္ရွင္ကိုေတာ့ ၂၀၂၁ခုႏွစ္တြင္ ပရိတ္သတ္ထံသို႔ ျပသနိုင္မည္ဟု ခန႔္မွန္းထားပါတယ္။ တဖက္တြင္လည္း Kim Soo Hyun ၏ ဇာတ္လမ္းတြဲအသစ္ It’s okay to Not be Okay ဟာဆိုရင္လည္း ဇြန္လ ၂ဝရက္ေန႔တြင္ ထုတ္လႊင့္ေတာ့မွာပဲ ျဖစ္ပါတယ္။

Source: Annyeongoppa

Share