သူငယ်ချင်းသံယောဇဉ်ကို ပေါ်လွင်အောင်ပြသနိုင်ခဲ့ပီး Squad Goalsလို့ပင်ပြောလို့ရနိုင်သည့် တောင်ကိုရီယားဇာတ်လမ်းတွဲများထဲမှ သူငယ်ချင်းအဖွဲ့များ

ကျွန်မတို့တွေအားလုံးမှာ ကိုယ်နဲ့စိတ်တူကိုယ်တူ ပေါင်းနိုင်တဲ့၊ ကိုယ်ပေါရင်လိုက်ပေါပေးနိုင်မဲ့ သူငယ်ချင်းတွေ လိုချင်ကြမှာပါ။ ကိုယ်ရဲ့ဘဝမှာ ကိုယ်နဲ့သွားအတူ၊ လာအတူ၊ စားအတူ၊ သောက်အတူ လုပ်နိုင်မည့် သူငယ်ချင်းမျိုးတွေ့ခဲ့ရင်တော့ ဒါဟာဘဝရဲ့ ဆုလဒ်တစ်ခုပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့ သူငယ်ချင်းများကိုလည်း Kdrama များထဲတွင်လည်း တွေ့ဖူးကြမှာပါ။ အဲ့အဖွဲ့တွေဟာ ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်……

၁.CLOY Soldiers Squad ( Crash Landing On You)


Crash landing On you ဇာတ်လမ်းတွဲမှ မြောက်ကိုရီးယား စစ်သားအုပ်စုကို အားလုံးသိကြမှာပါ။ ချစ်ဖို့ကောင်းပီး ရီလည်းရီရသော squad ဖြစ်ပါတယ်။ သူငယ်ချင်းတွေကြားထဲမှာ ရှိသင်တဲ့ သစ္စာရှိမှု၊ ယုံကြည်မှု တွေကိုလည်း သူတို့အဖွဲ့ကိုကြည့်ပီး မြင်တွေ့ခဲ့ရပါတယ်။

စစ်သားဆိုပီး ကြမ်းကြမ်းတမ်းတမ်း ရှိခဲ့ကြပေမယ့် သူငယ်ချင်းတွေဖြစ်တဲ့ ဗိုလ်ကြီးနှင့် Yoon Se Ri တို့နှင်ပက်သက်လာလျှင်တော့ အမြဲ အနွံတာခံပီး၊ ကာကွယ်စောင့်ရှောက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

၂.Fantastic Four ( Fight For My Way)


သူငယ်ချင်းတွေကြားမှာရှိတတ်တဲ့ ၅၂၈ မေတ္တာ၊ ၁၅ဝဝမေတ္တာကို ပေါ်လွင်အောင် ပြနိုင်ခဲ့တဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။ ကိုယ်ရဲ့ခက်ခဲချိန်ရော အောင်မြင်ချိန်မှာပါ ဘေးနားကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ သူငယ်ချင်းများပဲ ဖြစ်ပါတယ်။

၃.Swagg Squad (Weightlifting Fairy Kim Bok Joo)


သူတို ့အဖွဲ့ကိုမြင်လျှင်တော့ တက္ကသိုလ်မှာ တူတူပေါခဲ့တဲ့ သူငယ်ချင်းများကို သတိရသွားမှာ အမှန်ပဲဖြစ်ပါတယ်။ တခုခုစားမယ်လို့တိုင်ပင်လိုက်တာနဲ့ နှစ်ခါမပြောရတဲ့ စားဘဲကြီးများအဖွဲ့ပဲ ဖြစ်ပါတယ်။ သူငယ်ချင်းတွေကြားမှာ ပရိပက္ခများရှိနိုင်ပေမဲ့ တစ်ဦး၏လိုအပ်ချက်ကို တစ်ဦးက နားလည်ခွင့်လွှတ်ပီး ရေရှည်လက်တွဲနိုင်ခဲ့တဲ့ squad လည်းဖြစ်ပါတယ်။

၄.Ssangmundong Squad ( Reply 1988 )


သူငယ်ချင်းဆိုတာလည်း မိသားစုပဲဆိုသည့် သဘောမျိုးကို ပြသသွားနိုင်တဲ့ အဖွဲ့ပင်ဖြစ်ပါတယ်။ Reply 1988ဟာ ကလေးဘဝတည်းက ပေါင်းသင်းလာသည့် ပြောမနာဆိုမနာ သူငယ်ချင်းတွေအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ လည်းဖြစ်ပါတယ်။ သူငယ်ချင်းများကြောင့် ပိုပီးကောင်းမွန်တဲ့ လူတစ်ဦးအဖြစ်ပြောင်းလဲသွားခဲ့ပီး ကိုယ်ရဲ့ဖြစ်တည်မှုဟာ တန်ဖိုးရှိကြောင်းပြနိုင်ခဲ့တဲ့ သူငယ်ချင်းsquad မျိုးကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။

၅။Danbam Squad ( Itaewon Class)


Itaewon Class ဇာတ်လမ်းတွဲဟာ သူငယ်ချင်းတွေကြားထဲက သံယောဇဉ်၊ ယုံကြည်မှု၊တစ်ဦးနှင့်တစ်ဦး လေးစားမှု တို့ကိုပေါ်လွင်အောင်ရိုက်ကူးနိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲကောင်းပင် ဖြစ်ပါတယ်။ ကိုယ်ရဲ့ဆုံးဖြတ်ချက်တိုင်းကို ယုံကြည်ပေးပီး ကိုယ်နဲ့အတူ အေးတူပူမျှနေပေးမဲ့ သူငယ်ချင်းအဖွဲ့ပဲ ဖြစ်ပါတယ်။

သူငယ်ချင်းထိ ဓားကြည့်ဆိုသလိုပင် ကိုယ်သူငယ်ချင်းနှင့်ပက်သက်လာလျှင်တော့ အပြည့်အဝကာကွယ်ပေးမည့် အုပ်စုလည်းလည်း ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးမှာရော အထက်တွင် ဖော်ပြခဲ့တဲ့ အဖွဲ့များထဲမှ ဘယ်လိုသူငယ်ချင်းအဖွဲ့မျိုး ပိုင်ဆိုင်ထားပါသလဲ။ Comments section တွင်ဆွေးနွေးနိုင်ပါတယ်နော်။

Source..Anneyongoppa

Share