ဓာတ်ပုံရိုက်ရင် IU လုပ်လေ့ရှိတဲ့ ထူးထူးဆန်းဆန်း အကျင့်လေးတစ်ခု

IU ရဲ့ဓာတ်ပုံလေးတွေအားလုံးဟာ မျက်စိပဒါသဖြစ်စရာ လှနေတတ်တာကိုတော့ အားလုံးသိမှာပါ။ သူ့ရဲ့ selfie လေးတွေဆို မျက်နှာလေးပိုပေါ်လွင်ပြီး ချစ်စရာပိုကောင်းပါတယ်။ ဒါကလဲသူမသုံးတဲ့ လျို့ဝှက်နည်းကြောင့် ဖြစ်ကောင်းဖြစ်မှာပါ။

လူအများစုဟာ selfie ရိုက်တော့မယ်ဆိုရင် ကိုယ့်ပုံကိုယ်ပြန်မြင်ရပြီး လွယ်ကူတဲ့ front camera ကိုသာ ရွေးချယ်တတ်ကြပေမယ့် IU ကတော့ မတူပါဘူး။ သူမဟာ selfie ရိုက်မယ်ဆိုရင် အမြဲလိုလို ဖုန်းကိုပြောင်းပြန်ကိုင်ပြီးမှ back camera နဲ့ရိုက်လေ့ရှိပါတယ်။

ဘယ်လိုနေနေ လှနေတဲ့လူဆိုတော့လဲ ဓာတ်ပုံရိုက်ခါနီး သူ့မျက်နှာသူပြန်မမြင်ရလဲ သေချာပေါက်လှနေမယ်ဆိုတာ သိနေပုံရပါတယ်။ ဒါမှမဟုတ်နောက် camera နဲ့ရိုက်တာပိုပုံထွက်ကောင်းတယ်လို့ ယူဆထားတာလဲ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့ selfie လေးတွေကတော့ အရမ်းလှတာ အသေအချာပါပဲ။

ပရိတ်သတ်တွေလဲ IU ရဲ့ selfie လှလှလေးတွေနောက်ကွယ်က လျို့ဝှက်ချက်ကို သိလိုက်ရပြီမို့ selfie ရိုက်တော့မယ်ဆို သူ့လိုလေးရိုက်ကြည့်ကြပါလို့ Myanmar Cele Bar အဖွဲ့သားများက တိုက်တွန်းလိုက်ပါတယ်နော်။

  • (Zawgyi) ဓာတ္ပုံရိုက္ရင္ IU လုပ္ေလ့ရွိတဲ့ ထူးထူးဆန္းဆန္း အက်င့္ေလးတစ္ခု

IU ရဲ့ဓာတ္ပုံေလးေတြအားလုံးဟာ မ်က္စိပဒါသျဖစ္စရာ လွေနတတ္တာကိုေတာ့ အားလုံးသိမွာပါ။ သူ႔ရဲ့ selfie ေလးေတြဆို မ်က္ႏွာေလးပိုေပၚလြင္ၿပီး ခ်စ္စရာပိုေကာင္းပါတယ္။ ဒါကလဲသူမသုံးတဲ့ လ်ိဳ႕ဝွက္နည္းေၾကာင့္ ျဖစ္ေကာင္းျဖစ္မွာပါ။

လူအမ်ားစုဟာ selfie ရိုက္ေတာ့မယ္ဆိုရင္ ကိုယ့္ပုံကိုယ္ျပန္ျမင္ရၿပီး လြယ္ကူတဲ့ front camera ကိုသာ ေရြးခ်ယ္တတ္ၾကေပမယ့္ IU ကေတာ့ မတူပါဘူး။ သူမဟာ selfie ရိုက္မယ္ဆိုရင္ အျမဲလိုလို ဖုန္းကိုေျပာင္းျပန္ကိုင္ၿပီးမွ back camera နဲ႔ရိုက္ေလ့ရွိပါတယ္။

ဘယ္လိုေနေန လွေနတဲ့လူဆိုေတာ့လဲ ဓာတ္ပုံရိုက္ခါနီး သူ႔မ်က္ႏွာသူျပန္မျမင္ရလဲ ေသခ်ာေပါက္လွေနမယ္ဆိုတာ သိေနပုံရပါတယ္။ ဒါမွမဟုတ္ေနာက္ camera နဲ႔ရိုက္တာပိုပုံထြက္ေကာင္းတယ္လို႔ ယူဆထားတာလဲ ျဖစ္နိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ သူ႔ selfie ေလးေတြကေတာ့ အရမ္းလွတာ အေသအခ်ာပါပဲ။

ပရိတ္သတ္ေတြလဲ IU ရဲ့ selfie လွလွေလးေတြေနာက္ကြယ္က လ်ိဳ႕ဝွက္ခ်က္ကို သိလိုက္ရၿပီမို႔ selfie ရိုက္ေတာ့မယ္ဆို သူ႔လိုေလးရိုက္ၾကည့္ၾကပါလို႔ Myanmar Cele Bar အဖြဲ႕သားမ်ားက တိုက္တြန္းလိုက္ပါတယ္ေနာ္။

Source: Dar Dar

Share