အပြိုင်အဆိုင်တွေများတဲ့ kpop လောကကြီးမှာ မျိုးဆက်တစ်ခုတည်း ပွဲဦးထွက်လာတဲ့ idol တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်မှုမရှိပဲ စိတ်ရင်းနဲ့ပေါင်းကြဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ဒီသူငယ်ချင်းတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မောင်နှမအရင်းလိုကို ခင်မင်ကြပါတယ်။
၁။ EXO’s Kai နဲ့ Shinee’s Taemin
SM Entertainment လက်အောက်က ဒိတ်ဒိတ်ကျဲအဖွဲ့တွေရဲ့ main dancer နှစ်ဦးပါ။ ပွဲဦးထွက်တဲ့နှစ်တွေမတူကြပေမယ့် အသက်အရွယ်တူပြီး အကကိုရူးသွပ်တာခြင်း တူတာကြောင့် ငယ်ငယ်တည်းက သွားအတူလာအတူ လေ့ကျင့်အတူ သူငယ်ချင်းတွေပါ။
၂။ IU နဲ့ Jiyeon
Heroes အစီအစဉ်ကို အတူရိုက်ကူးရင်း bff ဖြစ်သွားကြတဲ့ သူမတို့နှစ်ဦးကတော့ အခုထိလဲ သံယောစဉ်တွေခိုင်မြဲပြီး စကြနောက်ကြနဲ့ ခင်မင်နေကြတုန်းပါပဲ။ တစ်ယောက်အတွက် တစ်ယောက်အမြဲ ဂုဏ်ယူနေတတ်တဲ့ သူငယ်ချင်းကောင်းတွေပါ။
၃။BTS’s RM နဲ့ GOT7’s Jackson
အသက်အရွယ်လဲတူ rapper ဖြစ်တာချင်းလဲတူ အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောတာချင်းလဲတူတာကြောင့် အချိန်တိုအတွင်းမှာ ရင်းနှီးသွားကြတာပါ။ RM ကသူပါဝင်ရတဲ့ ရုပ်သံအစီအစဉ်မှာတောင် Jackson ကို ဖိတ်ခေါ်ဖူးပြီး နှစ်ယောက်သားတွေ့ရင်ကို ရယ်နေရတာပါ။
၄။ Super Junior’s Heechul နဲ့ SNSD’s Taeyeon
Heechul ကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းလွန်းတာကြောင့် မခင်တဲ့လူမရှိပေမယ့် အေဂျင်စီတစ်ခုတည်းမှာ ဆယ်စုနှစ်ကြာအောင် ခင်မင်ခဲ့တဲ့ Taeyeon ကိုတော့ မိသားစုဝင်လို ချစ်ခင်ပါတယ်။ အသက်ကွာပေမယ့် သူငယ်ချင်းပေါင်းပေါင်းကြတာပါ။
၅။ Winner’s Yoon နဲ့ Apink’s Eunji
မွေးရပ်မြေတူတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ ဆိုးလ်မတက်လာခင်တုန်းက အရမ်းမခင်ကြပေမယ့် ဂီတအလုပ်လုပ်ရင်းနဲ့မှ ပိုခင်သွားကြတာပါတဲ့။ Eunji ရဲ့ concert မှာ Yoon ကသွားဖျော်ဖြေပေးဖူးသလို တစ်ယောက်နဲ့တစ်ယောက် အမြဲပံ့ပိုးပေးကြတဲ့ ငယ်သူငယ်ချင်းတွေပါ။
၆။ Red Velvet’s Seulgi နဲ့ Mamamoo’s Moonbyul
လွတ်လွတ်လပ်လပ်နေတတ်တဲ့ ပုံစံရော အကြိုက်ရောတူတာမို့ အသက်နှစ်နှစ်ကွာပေမယ့် သူငယ်ချင်းဖြစ်နေတာတော့ မဆန်းပါဘူး။ အမြဲအတူသွားလာပြီး Moonbyul ရဲ့ပထမဆုံး solo သီချင်းမှာတောင် Seulgi ကပါဝင်အားဖြည့်ထားပါသေးတယ်။
သူတို့တွေကတော့ အရမ်းအောင်မြင်တဲ့ idol သူငယ်ချင်းတွေထဲကမှ အချို့ကို အပိုင်း (၁) အဖြစ် ကောက်နှုတ်ဖော်ပြထားတာပါ။ ပရိတ်သတ်တွေလဲ သူတို့ကြားကခင်မင်မှုသံယောစဉ်ကို သဘောလဲကျ အားလဲကျရမယ် ထင်ပါတယ်နော်။
Source: Dar Dar