မန်နေဂျာဟောင်းဆီက ကိုရီးယားဝမ် တစ်ဘီလီယံခန့် လိမ်လည်ခံခဲ့ရတဲ့ Lisa

Blackpink အဖွဲ့ဝင် Lisa ရဲ့ မန်နေဂျာအဟောင်းဖြစ်သူက Lisa ရစရာရှိတဲ​့ ကိုရီးယားဝမ် တစ်ဘီလီယံကျော် ($817661 USD) ကို မပေးပဲ လိမ်လည်သွားပြီး အဲ့ဒီပိုက်ဆံတွေအကုန်လုံးကို လောင်းကစားအတွက် သုံးစွဲပစ်လိုက်တယ်လို့ Market News ကဖော်ပြထားပါတယ်။

အဆိုပါမန်နေဂျာဟာ BLACKPINK ပွဲဦးထွက်စကတည်းက Lisa နဲ့အတူအလုပ်လုပ်ခဲ့တာဖြစ်ပြီး Lisa အနေနဲ့ နိုင်ငံရပ်ခြားမှာ အနုပညာရှင်အဖြစ် အရွယ်ငယ်ငယ်နဲ့ ရပ်တည်ခဲ့ရတာမို့ မန်နေဂျာအပေါ် အရမ်းလဲအားကိုးပြီး ယုံကြည်ခဲ့တာပါ။

Lisa ရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ကိုရီးယားမှာ အိမ်ခြံမြေနဲ့ပတ်သတ်ပြီး ရင်းနှီးမြုပ်နှံပေးမယ်လို့ ပြောကာ ပိုက်ဆံတွေလိမ်ယူခဲ့ပြီး လောင်းကစားလုပ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ အခုတော့ ထိုမန်နေဂျာဟာ Lisa နဲ့လဲ အလုပ်မလုပ်တော့သလို YG မှာလဲ မရှိတော့ပါဘူး။

အခုလို နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်းရပ်တည်နေရတဲ့ မိန်းကလေးတစ်ယောက်ကို ငွေသန်းနဲ့ချီပြီး လိမ်လည်တာဟာ တကယ်မလုပ်သင့်တဲ့ကိစ္စဖြစ်ပြီး ပရိတ်သတ်တွေကတော့ YG Entertainment ကို ဒီကိစ္စနဲ့ပတ်သတ်ပြီး တာဝန်ယူပေးဖို့ တရားဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

source: koreaboo

Share