Baeksang ဆုပေးပွဲရဲ့ Best Leading Actor Award အတွက် စံကာတင်မင်းသား (၅) ဦး

၂၀၂၀ ခုနှစ်အတွက် Baeksang ရုပ်ရှင်ဆုပေးပွဲကိုတော့ ဂျွန်လ ၅ ရက်နေ့မှာ ကျင်းပတော့မှာပါ။ ဒီနှစ်အတွက် အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲကမှ အကောင်းဆုံးတွေကို ရွေးထုတ်မှာမို့ ပရိတ်သတ်တွေ ရင်ခုန်နေကြပါတယ်။ Best Leading Actor အတွက် လျာထားခြင်းခံရတဲ့ မင်းသားတွေက

၁။ Hyun Bin
Crash Landing on You ဇာတ်လမ်းတွဲနဲ့ ဒီစာရင်းထဲပါဝင်ခဲ့တာပါ။ မိန်းမသားထုကြီးတစ်ရပ်လုံးကို ရင်ခုန်အောင်လုပ်နိုင်တဲ့အပြင် အတိုက်အခိုက် အငိုအဆွေး ဇာတ်ဝင်ခန်းတွေမှာလဲ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့သလို မြောက်ကိုရီးယားလေသံကိုပါ အသေးစိတ်လေ့ကျင့်ခဲ့တဲ့ ဝါရင့်မင်းသားကြီးပါ။

၂။ Park Seo Joon
Itaewon Class ဇာတ်လမ်းတွဲမှာ သူ့ရဲ့ကိုယ်ပိုင်ဟန်ကို လုံးဝဖျောက်ပြီး ဇာတ်ကောင် Park Sae Roy လို့သာ မှတ်ယူရတဲ့အထိ ကာရိုက်တာအပေါ် စိတ်နှစ်ထားခဲ့တာပါ။ ဘဝနာပြီး အောက်သက်ကြေတဲ့ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

၃။ Kang Ha Neul
ခပ်မိုက်မိုက်မင်းသားစတိုင်ကို ခဝါချပြီး အူကြောင်ကြောင်ရဲဝန်ထမ်း ဇာတ်ရုပ်ကို ကွက်တိဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပရိတ်သတ်တွေအကုန် သူနဲ့အတူလိုက်ပြီး ရယ်ရ ငိုရ ကြည်နူးရအောင် ပီပြင်တဲ့သရုပ်ဆောင်မှုနဲ့ ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။

၄။ Nam Goong Min
ဗီလိန်ဇာတ်ရုပ်တွေနဲ့ လူသိများတဲ့ မင်းသားကတော့ သူ့ရဲ့ထုံးစံအတိုင်း Stove League ဇာတ်လမ်းတွဲမှာလဲ ပရိတ်သတ်တွေကို ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ပါဝင်နေသလိုကို ခံစားစေခဲ့တာပါ။ သရုပ်ဆောင်ပညာနဲ့ပတ်သတိလို့တော့ ဆရာတစ်ဆူလို့တောင် ဆိုရမှာပါ။

၅။ Joo Ji Hoon
Kingdom ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်ရင်ထဲကို ပြန်လည်ဝင်ရောက်လာတဲ့ မင်းသားကလဲ Hyena ဇာတ်လမ်းတွဲနဲ့ ဆုအတွက်လျာထားခြင်းခံရပါသေးတယ်။ လူကုံထံတွေအတွက် အလုပ်လုပ်ပေးရတဲ့ ရှေ့နေတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

source: Soompi

Share