(Update) အယုံကြည်ရဆုံးဖြစ်သော မန်နေဂျာထံမှ ငွေလိမ်လည်မှုကို ခံလိုက်ရသော Blackpink အဖွဲ့ဝင် Lisa

ဇွန်လ ၂ရက်နေ့တွင် Blackpink အဖွဲ့စတင်ဖွဲ့စည်းတည်းက အနားတွင်ရှိခဲ့သော မန်နေဂျာဟာ Lisa ထံမှ ငွေလိမ်လည်ယူခဲ့တယ်လို့ သတင်းများထွက်လာပါတယ်။ အဆိုပါမန်နေဂျာဟာ YG Entertainment တွင်အလုပ်လုပ်တာ ကြာပီဖြစ်သော ဝန်ထမ်းတစ်ဦးဖြစ်ပီး Blackpink အဖွဲ့နှင့် အရင်းနှီးဆုံး လူတစ်ဦးလည်း ဖြစ်ပါတယ်။

အဆိုပါ မန်နေဂျာဟာ Lisa ထံမှ ကိုရီးယားဝမ် ၁ဘီလီယံ (800,000 USD) ကို လိမ်လည်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်နေဂျာဟာ အိမ်ခြံမြေရောင်းဝယ်ရေးနှင့် ပက်သက်၍ ရင်နှီးမြုတ်နှံသင့်တယ်ဆိုပီး ပိုက်ဆံကို Lisaထံမှ တောင်းခဲ့ပါတယ်။ ထို့နောက် အဆိုပါပိုက်ဆံကိုယူကာ လောင်းကစား ပြုလုပ်ခဲ့သည်ဟု သိရပါတယ်။

ထိုမန်နေဂျာဟာ YG Entertainment ၏ လုပ်သက်ရင့် ဝန်ထမ်းတစ်ဦဖြစ်ပီး Lisa ၏အယုံကြည်ရဆုံးလူဖြစ်ပါတယ်။ အတွင်းလူများ၏ ပြောကြားချက်အရတော့ Lisaဟာယခုကဲ့သို့ အယုံကြည်ရဆုံး လူထံမှ သစ္စာဖောက်ခံလိုက်ရသဖြင့် အလွန်ပင် တုန်လှုပ်နေတယ်လို့ သိရပါတယ်။

YG Entertainment ကတော့ အဆိုပါကိစ္စနှင့် ပက်သက်၍ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ သူတို့ပြောထားကတော့ ” ကျွန်တော်တို့ သေချာစုံစမ်းပီးတဲ့နောက်မှာတော့ Lisa အလိမ်ခံလိုက်ရတာဆိုတာ သေချာသွားပါပီ။ လိမ်တဲ့သူကလည်း သူရဲ့မန်နေဂျာ ဖြစ်ပါတယ်။ Lisa ရဲ့ဆန္ဒအရတော့ အဆိုပါကိစ္စကို တိတ်တဆိတ်ပဲ ရင်ဆိုင်ချင်တယ်လို့ သိရပါတယ်။

မန်နေဂျာဟာ ပိုက်ဆံ၏ တချို့တဝက်ကို ပြန်ပေးပီးပီး ကျန်တဲ့ငွေကိုတော့ သတ်မှတ်ထားတဲ့အပိုင်း ပြန်ပေးမှာပါ။ ယခု အဆိုပါမန်နေဂျာကိုလည်း ကုမ္မဏီမှ အလုပ်ထုတ်လိုက်ပါပီ။ ထိုကိစ္စအာလုံးနှင့် ပက်သက်ပီး ကျွန်တော်တို့ Entertainment မှ Lisaကို ချစ်ခင်အားပေးကြတဲ့ပရိတ်သတ်ကြီးကို အနူးညွှတ်တောင်းပန်ပါတယ်။

ကျွန်တော်တို့ဘက်ကနေလည်း Lisa ရဲ့ဆုံးရှုံးသွားမှုများအတွက် တရားမျှတမှုရရှိအောင်လည်း တရားဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမှာပါ။ နောက်ထပ်ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်အောင်လည်း ကျွန်တော်တို့ Entertainment ဘက်မှ သတိထား ဆောင်ရွက်ပါ့မည်။”

Lisa ၏ပရိတ်သတ်ကြီးကတော့ အဆိုပါကိစ္စနှင့် ပက်သက်ပီး ဒေါသထွက်နေကြပါတယ်။ Lisa အတွက်လည်း စိတ်ပူပန်နေကြပါတယ်။ Comeback ကလည်း မကြာမီပင် လာတော့မှာပဲ ဖြစ်ပါတယ်။ ထို့အပြင် အသက်အန္တရယ်ပိုင်းကိုလည်း ခြိမ်းခြောက်ခံထားရပါသေးသည်။ ကိစ္စတွေအားလုံးပြေလည်ပီး Lisa လည်း မကြာခင်မှာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Allkpop

Share