ကိုရီးယားပြည်သူတွေ ရွေးချယ်ခဲ့တဲ့ မိတ်ကပ်မပါလဲလှတဲ့ K Cele အမျိုးသမီး (၁၀) ဦး

မိန်းကလေးတွေဟာ ဘယ်လိုလှတယ်ပဲဆိုဆို ဖြီးလိမ်းပြင်ဆင်ထားတာမရှိရင်တော့ တစ်ခုခုလိုနေသလိုဖြစ်တတ်ပါတယ်။ ဒီအနုပညာရှင်တွေကတော့ ဘဝပေးကုသိုလ်ကံအရ မိတ်ကပ်မပါရင်တောင် ငေးနေရလောက်အောင် လှပါတယ်။

၁၀။ Hani (EXID)
EXID အဖွဲ့ရဲ့အလှပဂေးဖြစ်တဲ့သူမဟာ စင်ပေါ်မှာဖျော်ဖြေနေတဲ့အချိန် ဆွဲဆောင်မှုအပြည့်ရှိသလို သာမာန်အချိန်တွေမှာလဲ လွတ်လွတ်လပ်လပ်နေတတ်သူတစ်ဦးပါ ။ မိတ်ကပ်မပါတဲ့ သူမရဲ့ပုံကတော့ ဖြူစင်လွန်းပါတယ်။

၉။ Eunji (Apink)
Apink အဖွဲ့ဝင်ဖြစ်သလို သရုပ်ဆောင်လဲဖြစ်တဲ့သူမကတော့ မိတ်ကပ်မလိမ်းထားလဲ ထူးထူးခြားခြားပြောင်းလဲသွားတာမျိုးမရှိပဲ ပြင်ဆင်ထားတဲ့အတိုင်း လှနေတုန်းပါပဲ။ မိန်းကလေးတိုင်း အားကျရတဲ့ အသားအရည်မျိုးပါ။

၈။ Park Soo Jin
အရင်က idol အဖြစ်ရပ်တည်ခဲ့ဖူးတဲ့ နာမည်ကျော်မင်းသမီးဟာ မိတ်ကပ်မပါရင်လဲ မျက်လုံး နှာခေါင်းနဲ့ နှုတ်ခမ်းတွေ ထင်ထင်ပေါ်ပေါ်နဲ့ လှရက်လွန်းလို့ ကိုရီးယားပြည်သူတွေက မဖြစ်မနေ မဲပေးခဲ့ကြပါတယ်။

၇။ Shin Min Ah
အလှနတ်ဘုရားမလေးလို့တောင် တင်စားရမယ့်သူမကတော့ အေးချမ်းတဲ့မျက်နှာလေးနဲ့ မပြင်ဆင်ထားလဲ လှနေသူပါ။ အသက်သုံးဆယ်ကျော်နေတာတောင် ဆယ်ကျော်သက်ကလေးလို အသားအရည်နဲ့ နုဖတ်နေတာပါပဲ။

၆။ Sejeong (Gugudan)
ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ အဆိုတော်မလေးကတော့ သူ့ရဲ့မိတ်ကပ်မပါတဲ့ ပင်ကိုယ်အလှကို လူမှုကွန်ယက်မှာ ယုံကြည်ချက်ရှိရှိပြလေ့ရှိပါတယ်။ ယုံကြည်ချက်ရှိရအောင်လဲ တကယ်ကို အပြစ်ကင်းစွာ လှလွန်းပါတယ်။

၅။ IU
အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ အမြဲချစ်စရာကောင်းနေတဲ့ သူမကလဲ သဘာဝအလှဆိုတာ ငယ်ဘဝပုံတွေကြည့်ရင်သိသာပါတယ်။ ဒီအရွယ်ရောက်တဲ့အထိလဲ ကြည်လင်တဲ့အသားအရည်နဲ့ ချစ်စရာကောင်းနေတုန်းပါပဲ။

၄။ Song Hye Kyo
အသက်မကြီးလာဘူးလို့တောင် ထင်ရတဲ့သူမကတော့ ငယ်ငယ်ကလှတာထက် အခုပိုတောင်လှနေပါသေးတယ်။ အလှဆုံးမင်းသမီးစာရင်းဝင်မို့ မိတ်ကပ်ပြင်ထားထား မပြင်ထားထား ငေးကြည့်ချင်စရာပါ။

၃။ Lee Yeon Hee
မကြာသေးခင်ကမှ လက်ထပ်ထားတဲ့ မင်းသမီးလေးကလဲ မိတ်ကပ်မလိမ်းပဲ လူမြင်ကွင်းကိုမကြာခဏထွက်တတ်သူပါ။ သူမကိုမြင်ဖူးတဲ့ ပရိတ်သတ်တွေကတော့ သဘာဝမျက်နှာက ရူးလောက်အောင်ကို လှပါတယ်တဲ့။

၂။ Irene (Red Velvet)
Kpop တတိယမျိုးဆက်ရဲ့ အလှဘုရင်မဖြစ်တဲ့ Irene ဟာ ကြွေရုပ်လေးလို လှတာလူတိုင်းအသိပါ။ အံ့ဩစရာကောင်းတာက သူမဟာ မျက်နှာသစ်ပြီးကာစမှာတောင် ပြင်ဆင်ထားသလိုကို မထိရက်စရာ လှပနေတယ်ဆိုတာပါပဲ။

၁။ Suzy
ကိုရီးယားပြည်သူတွေ ချစ်ကြတဲ့ Suzy လေးကတော့ မိတ်ကပ်မပါရင်လဲ သူ့ရဲ့ဖြူစင်တဲ့အလှတရားက လျော့ပါးမသွားပါဘူးတဲ့။ ဘယ်လိုနေနေ ဘယ်ရှုထောင့်ကရိုက်ရိုက် လှနေတာကတော့ သူ့ရဲ့အားသာချက်ပါပဲ။

ဒီစာရင်းကတော့ DC inside ကနေ ကိုရီးယားပြည်သူ ၄၀၀၀ ကျော်ကို survey လုပ်ထားတဲ့အထဲကမှ သူတို့မဲပေးရွေးချယ်ခဲ့တဲ့ အနုပညာရှင်တွေပါ။ ပရိတ်သတ်တွေရဲ့ အချစ်ဆုံးမင်းသမီးလေးတွေများ ပါခဲ့မယ်ဆိုရင် မှတ်ချက်လေးများ ရေးသွားပေးပါဦးနော်။

source: koreaboo

Share