Oppaတွေသာ မိန်းကလေးတွေ ဖြစ်ခဲ့ရင် ဘယ်လိုရုပ်ရည်မျိုးတွေ ပိုင်ဆိုင်ကြနိုင်မလဲ

အကယ်၍သာ ယခုခေတ်တွင် အောင်မြင်နေသော တောင်ကိုရီးယားမှ Oppa များသာ မိန်းကလေးတွေ ဖြစ်ခဲ့ရင် ဘယ်လိုရုပ်ရည်မျိုးကို ပိုင်ဆိုင်ကြမလဲဆိုတာ ပရိတ်သတ်ကြီး တွေးကြည့်မိပါသလား။ မင်းသား Park Seo Jun ကို ဆံပင်အရှည်ကြီးနှင့် မိန်းကလေးဆန်ဆန် ဝတ်ထားတဲ့ပုံကို တချက်လောက် မြင်ယောင်ကြည့်ကြည့် ပါလား😁။

မင်းသား Hyun bin ကို Pony tail လးနှင့် ချစ်စရာ အလွန်းကောင်းတဲ့ ပုံကိုမှန်းကြည့်လိုက်ပါ။ နဂိုတည်းကချောပီးသားလူများ ဖြစ်သည့်အတွက် ဆိုးဆိုးဝါးဝါးကြီး ကြည့်ရစိုးသွားမှာတော့ မဟုတ်တာ သေချာပါတယ်။

၁.Park Seo Jun
ဆံပင်ရှည်လေးနှင့် လှပနေတဲ့ မမ Park ရဲ့ပုံရိပ်ကို FaceAppတွင် ပုံဖော်ကြည့်လိုက်တဲ့အခါမှာတော့ လှပပီးဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်အသွင် ဖြစ်နေပါတယ်။

၂.Yoo Seung Ho
Yoo ဟာနဂိုကတည်းက ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးရှိတဲ့အတွက် မိန်းကလေးတစ်ယောက်ဆိုလျှင်လည်း ချစ်စရာကောင်းနေမှာအမှန်ပင်။

၃.Kim Nam Gil
Sexyကျပီးလှပတဲ့ မတ်မတ်တစ်ယောက်အသွင် အသွင်ပြောင်းသွားမှာပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းပုံလှပသောကြောင့် ယောက်ကျာ်းလေးတိုင်းလိုချင်တဲ့ စွဲမက်ဖွယ်ရာနှုတ်ခမ်းကို ပိုင်ဆိုင်ထားမှာပဲ ဖြစ်ပါတယ်။

၄.Nam Joo Hyuk
Nam Joo Hyuk သာမိန်းကလေးတစ်ဦးဖြစ်ခဲ့လျှင်တော့ အရပ်ရှည်ရှည် မော်ဒယ်တစ်ဦးအသွင် ရှိနေမှာပဲဖစ်ပါတယ်။ လှပသွယ်လျသော body နှင့် ချောမောသောမျက်နှာကို ပိုင်ဆိုင်တဲ့ မိန်းကလေးတစ်ဦး ဖြစ်နေမှာပင် ဖြစ်ပါတယ်။

၅.Lee Jeong Suk
သူသာမိန်းကလေးဆိုလျှင် ဖြူဖွေးသော အသားအရေနှင့် ရှည်လျားသောအရပ် သေးသွယ်သော မျက်နှာလေးကို ပိုင်ဆိုင်ထားသော သူတစ်ဦးဖြစ်နေမှာပါ။ယခုခေတ် ယောက်ကျ်ားလေးများအကြိုက် မိန်းကလေးပုံစံမျိုး ဖြစ်နေမှာပါ။

၆။Park Hyung Sik
Park Hyung Sik ဟာဆိုလျှင် တည်ငြိမ်သော အမျိုးသမီးပုံရိပ်ထွက်နေမှာ အမှန်ပဲဖြစ်ပါတယ်။ ချွန်မြသောနှာတံ၊ ပါးလွှာသော နှုတ်ခမ်းတို့ကြောင့် ပါးပါးရှားရှားလေးနှင့် ကြည့်လို့ကောင်းနေမှာပါ။

၇။ Seo Kang Joon
မတ်မတ် Seo Kang Joon သာရှိခဲ့မယ်ဆိုလျှင်တော့ ယောက်ကျာ်းသားများ ဝိုင်းဝိုင်းလည်နေနိုင်ပါတယ်။sexy နှင့် cute ရောထားသော မျက်နှာလေးနှင့် ပူရိသတို့၏ အသည်းကိုချွေနိုင်တဲ့ သူတစ်ဦးဖြစ်နိုင်ပါတယ်။

Source: Anneyongoppa Group

Share